Relationship တစ်ခုခိုင်မာဖို့ ရေရှည်တည်မြဲဖို့ဆိုတာ ပြောသလောက်လွယ်ကူမနေပါဘူး။ အသက်အရွယ်တစ်ခုရပြီးသားလူတွေအနေနဲ့ Relationship ကိုကောင်းစွာတည့်မတ်အောင် ထိန်းသိမ်းနိုင်တဲ့ အတွေ့အကြုံကောင်းတွေရှိတက်ကြပေမယ့် လူငယ်ပိုင်းတွေမှာတော့ Relationship နဲ့ပတ်သတ်တဲ့ အတွေ့အကြုံတွေ နည်းကြပါတယ်။ဒါကြောင့်ဒီတစ်ခေါက်မှာတော့ လူငယ်တွေသိထားသင့်တဲ့ ခိုင်မြဲတဲ့ Relationship တစ်ခုတည်ဆောက်နိုင်ဖို့ အဓိကျတဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။
(၁) ညှိနှိုင်းတက်ပါစေ

စေ့စပ်ညှိနှိုင်းတက်ခြင်းက အောင်မြင်တဲ့ Relationship တစ်ခုရဲ့ အရေးပါတဲ့ Key တစ်ခုပါပဲ။ တစ်ချို့သော ကိစ္စတွေမှာ ကိုယ့်ရဲ့သဘောဆန္ဒအတိုင်း ကိုယ့်ချစ်သူနဲ့ ထပ်တူကျချင်မှကျပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ဖြစ်ချင်တာကိုပဲ ဦးစားမပေးဘဲ တစ်ဖက်လူရဲ့သဘောဆန္ဒကိုလည်းထည့်တွက်ပြီး အဆင်ပြေဆုံးဖြစ်စေမယ့် ရလဒ်ထွက်အောင် ညှိနှိုင်းတက်ဖို့အရေးကြီးပါတယ်။
(၂) ပြဿနာဖြစ်ရင်ဖြေရှင်းပါ

Source : CNBC.com
ချစ်သူနှစ်ဦးစိတ်ဆိုးစိတ်ကောက်တဲ့အချိန်တွေဆိုတာ ရှိကြစမြဲပါပဲ။ အဆင်မပြေတစ်စုံတစ်ရာရှိလာတယ် ၊ စိတ်ဆိုးစိတ်ကောက်ဖြစ်စရာကိစ္စတွေ ကြုံလာတယ်ဆိုတိုင်းမှာ ပြဿနာကိုမဖြေရှင်းပဲ အချိန်တန်ပြန်ခေါ်မှာပဲလို့ တွေးထားလို့မရပါဘူး။ ပြဿနာသေးသေးလေးတွေစုလာရင် တစ်ချိန်မှာ ပြင်းအားကြီး ပြဿနာကြီးတစ်ခုဖြစ်လာနိုင်တာမို့ တစ်ယောက်နဲ့တစ်ယောက်ကြားက အဆင်မပြေတာတွေ အသေးအမွှားပြဿနာလေးတွေကို နှစ်ဦးသားကျေနပ်တဲ့ရလဒ်တစ်ခုရသည်အထိ ဖြေရှင်းသင့်ပါတယ်။
(၃) သပ်သပ်ရပ်ရပ်နေပါ

Source : Greater Good in Action
အဝတ်အစားအသွင်အပြင်က အချစ်မှာအပေါ်ယံအရာတွေလိုထင်ကောင်းထင်ရပေမယ့် မေ့မေ့လျော့လျော့လည်းနေလို့မရပြန်ပါဘူး။ ချစ်ရင်ဘယ်လိုပုံစံဖြစ်ဖြစ်လက်ခံပေးနိုင်တယ်ဆိုပေမယ့် ကိုယ်တိုင်က ကိုယ့်ရဲ့ခန္ဓာကိုယ်အသွင်အပြင် ၊ ဝတ်စားဆင်ယင်မှု ၊ သပ်သပ်ရပ်ရပ်နေထိုင်ခြင်းတွေကို အလေးထားမယ် ကိုယ့်ကိုယ်ကိုဂရုစိုက်မယ်ဆိုရင် ကိုယ့်ချစ်သူကလည်း ကိုယ့်ကိုတန်ဖိုးထားဂရုစိုက်မိမှာအသေအချာပါပဲ။
