သင့်အနေနဲ့ ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်ချင်ပါသလား။ ဒါဆိုရင်တော့ အခုပြောပြမယ့်အချက်တွေကို လိုက်နာဖို့အကြံပြုချင်ပါတယ်။ ကောင်းစွာအိပ်ပျော်နိုင်ဖို့ လိုက်နာရသင့်တဲ့ ဆောင်ရန်ရှောင်ရန်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) တရားထိုင်ပါ

Source : PR Times

အိပ်ယာဝင်ခါနီးအချိန်မှာ ၁၅ မိနစ်လောက်အချိန်ပေးပြီး တရားထိုင်ပါ။ တရားထိုင်ခြင်းက စိတ်ရောခန္ဓာကိုယ်ပါ တင်းမာမှုတွေပြေလျော့စေပြီး စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ မအိပ်ခင်တရားထိုင်မယ်ဆိုရင် သင့်ရဲအိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေမှာဖြစ်ပါတယ်။

(၂) အိပ်ရာဝင်ခါနီး အစားမစားပါနဲ့

Source : Cleveland Clinic’s Health Essentials

အိပ်ချိန်နီးမှ အစားစားတာဟာ သင့်ရဲ့ အိပ်စက်ခြင်းစက်ဝန်းကို လုံးဝအနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ အိပ်ခါနီးအစားစားလိုက်တဲ့အခါ အစာအိမ်ကနေ အစာချေဖျက်ခြင်းလုပ်ငန်းစဉ်တွေကို ခက်ခက်ခဲခဲလုပ်ဆောင်စေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အနည်းဆုံး အိပ်ချိန်နဲ့ ၃ နာရီလောက်ခြားပြီး အစားစားပါ။

 

(၃) ဒစ်ဂျစ်တယ်နဲ့ဝေးရာမှာနေပါ

tekRESCUE

လက်တော့ ၊ စမတ်ဖုန်းတွေကထွက်တဲ့ ရောင်ခြည်တန်းတွေက သင့်ရဲ့ဦးနှောက်ကိုလှုံဆော်ပေးတာကြောင့် အိပ်စက်ဖို့ခက်ခဲစေမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲမှာဖုန်းနဲ့ လက်တော့တွေအသုံးပြုခြင်းကိုရှောင်ပါ။ အိပ်ယာဘေးမှာ ဖုန်းတွေလက်တော့တွေကိုမထားပါနဲ့။ မအိပ်ခင်တစ်နာရီလောက်အလိုကတည်းက ဒီအရာတွေ ပါဝါပိတ်ထားလိုက်ပါ။

(၄) အိပ်ခန်းကိုပြင်ဆင်ပါ

Source : Verywell Health

သင့်ကိုနှစ်ခြိုက်စွာအိပ်ပျော်စေဖို့ဆိုရင် ဆူညံ့သံတွေကင်းပြီး တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုရဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် အခန်းမှောင်လေ ပိုပြီးအိပ်ပျော်လေဖြစ်တာကြောင့် မီးတွေပိုပိတ်ထားပါ။ အခန်းအပူချိန်ကိုလည်း အရမ်းမအေး အရမ်းမပူစေပဲ သင့်တော်တဲ့ အပူချိန်ရှိဖို့အရေးကြီးပါတယ်။ဒါဆိုရင်သင်ကောင်းစွာအိပ်ပျော်နိုင်မှာဖြစ်ပါတယ်။