ဒူဘိုင်းဆိုဟာ ဇိမ်ခံပစ္စည်းတွေ သူဌေးတွေနဲ့ ပြည့်နေတဲ့နေရာတစ်ခုအဖြစ် လူအများက မှတ်ယူထားကြပါတယ်။  ဒီနေ့ kwee page က တကယ့်အစစ်အမှန် ဒူဘိုင်းကို ဖော်ပြပေးသွားမှာပါ။

ဒူဘိုင်းက ဘီလီယံနာတွေရဲ့  မြို့တော်ဖြစ်တယ်

Source: Investopedia

တကယ်တော့ ဒူဘိုင်းမှာ ဘီလီယံနာ အယောက် (၂၀) သာနေထိုင်ပါတယ်။ ဘီလီယံနာ အများစုနေထိုင်တဲ့ မြို့ကတော့ ဘေဂျင်းဖြစ်ပြီး ဒုတိယကတော့ နယူးယော့ခ်မြို့ဖြစ်ပါတယ်။

ဒူဘိုင်းမှာ လူဆင်းရဲတွေမရှိဘူး

ဒူဘိုင်းမှာ ပြောင်းရွှေ့အခြေချနေထိုင်သူတွေ အများကြီးရှိပါတယ်။ ဆင်းရဲတဲ့လူတွေလည်း အများကြီးပါ။ ဒူဘိုင်းမှာ နေထိုင်စရိတ်က အင်မတန်ဈေးကြီးတာကြောင့် တစ်ချို့တွေက အခန်းကျဉ်းကျဉ်းလေးထဲမှာ တခြားလူတွေနဲ့ နေထိုင်ကြရပါတယ်။

ဒူဘိုင်းက ကလေးတွေပြုစုပျိုးထောင်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်

ဒူဘိုင်းကို ပြောင်းရွှေ့အခြေချနေထိုင်တဲ့ လူအများစုက သူတို့ရဲ့ကလေးတွေကို မိခင်နိုင်ငံမှာပဲ ထားခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ပညာရေးစရိတ် ဈေးကြီးလို့ပါ။ ပြီးတော့ ဒူဘိုင်းမှာ အရမ်းပူတာကြောင့် ကလေးတော်တော်များများက အဲယားကွန်းခန်းထဲမှာပဲ နေကြရပါတယ်။

ဒူဘိုင်းမှာ အရက်ရောင်းချခွင့်မရှိဘူး

ဒူဘိုင်းမှာ ကမ္ဘာ့လှည့်ခရီးသည်တွေအတွက် အရက်ရောင်းချခွင့်ပြုထားပါတယ်။

ခြင်္သေ့တွေ ကျားသစ်တွေ အိမ်မွေးတိရိစ္ဆာန်အဖြစ်ထားကြတယ်

ဒူဘိုင်းမှာ တောရိုင်းတိရိစ္ဆာန်တွေကို ထိန်းသိမ်းထားမယ်ဆိုရင် ဥပဒေချိုးဖောက်တာပါပဲ။ အကယ်၍ ခြင်္သေ့တွေ ကျားသစ်တွေ အပြင်ထွက်လို့ကတော့ ထောင် (၆) လအထိကျနိုင်ပြီး ဒဏ်ငွေအနေနဲ့ ဒေါ်လာ (၂၇၀၀) ကနေ (၁၃၈၀၀၀) အထိပေးဆောင်ရနိုင်ပါတယ်။ ဒူဘိုင်းမှာနေတဲ့ လူအများစုကတော့ ကြောင်မွေးကြတာများပါတယ်။

ဒူဘိုင်းဟာ မိုးမျော်တိုက်တွေနဲ့ တည်ဆောက်ထားတယ်

ဒူဘိုင်းမှာ မိုးမျှော်တိုက်တွေ အများကြီးရှိတာမှန်ပါတယ်။ ဒါပေမယ့် နယ်ခံတွေကတော့ သီးသန့်နေရတာကို ကြိုက်နှစ်သက်ကြပြီး အိမ်နီးချင်းတွေများတာကိုလည်း မကြိုက်ကြဘူး။

ဒူဘိုင်းမှာ အာရပ်လူမျိုး အများစုနေထိုင်ကြတယ်

ဒူဘိုင်းမှာနေထိုင်ကြတဲ့ လူတွေရဲ့ (၂၅) ရာခိုင်နှုန်းဟာ အိန္ဒိယ လူမျိုးတွေဖြစ်ကြပါတယ်။ နယ်ခံတွေက (၉) ရာခိုင်နှုန်းသာရှိပါတယ်။ တခြားလူမျိုးတွေကတော့ ပါက စ္စတန်တဲ့ ဘင်္ဂလားဒေ့ရှ်က ရွေ့ပြောင်းနေထိုင်သူတွေဖြစ်ကြပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ နဲ့ စက်ရုံတွေမှာ အလုပ်လုပ်ကြပါတယ်။ ဒူဘိုင်းမှာနေထိုင်ကြတဲ့ (၉၁) ရာခိုင်နှုန်းသော လူမျိုးတွေက အခြားနိုင်ငံက လာရောက်နေထိုင်ကြသူတွေဖြစ်ကြပါတယ်။