လူအများစုဟာ တစ်နေ့တာအချိန်မှာပဲသွားလာလှုပ်ရှားမှုတွေလုပ်ရင်း ပင်ပန်းနွမ်းနယ်သလိုခံစားရတတ်ပါတယ်။ ဒါက သင့်ခန္ဓာကိုယ်မှာ စွမ်းအင်လျော့နည်းသွားလို့ဖြစ်ပြီး စွမ်းအင်နည်းသွားတဲ့အခါ သင့်ရဲ့တစ်နေ့တာလုပ်ငန်း ဆောင်တာတွေအပေါ်သက်ရောက်မှုဖြစ်စေပါတယ်။ ဒါဟာ သင်စားတဲ့အစားအစာအမျိုးအစားနဲ့ စွမ်းအင်းရရှိပေါ်မူတည်ပါတယ်။ အစားအစာအားလုံး စွမ်းအင်ပေးနိုင်တယ်ဆိုပေမယ့် အခုပြောပြမယ့်အသီး (၅)မျိုးကတော့ တခြားအသီးအနှံတွေထက်စွမ်းအင်အပြည့်ဝဆုံးပါဝင်ပါတယ်။

(၁) ငှက်ပျောသီး

Source : South China Morning Post

သင်လေ့ကျင့်ခန်းမလုပ်ခင် ထရိန်နာက ငှက်ပျောသီးစားဖို့ပြောတယ်ဆိုတာ ငှက်ပျောသီးမှာစွမ်းအင်ပမာဏများစွာ ပါဝင်လို့ပါ။ ဒါ့ကြောင့် ကာဗိုဟိုက်ဒရိတ်အရင်းအမြစ်ကောင်းတွေပါဝင်တဲ့ ငှက်ပျောသီးဟာ စွမ်းအင်အပြည့်ဝဆုံး အသီးတွေမှာထိပ်ဆုံးဖြစ်နေတာပေါ့။

(၂) ဖရဲသီး

Source : Times of India

ဖရဲသီးဟာ သင့်ကိုလန်းဆန်းစေပြီး ဗီတာမင်စီနဲ့ ဇင့်ဓါတ်ပါဝင်မှုများပါတယ်။ ဒါ့ပြင် ဖရဲသီးမှာပါဝင်တဲ့ရေဓါတ်က သဲကန္တာရတွေမှာရှိတဲ့ အိုအေစစ်ရေနဲ့တူတယ်လို့ဆိုပါတယ်။

(၃) ပန်းသီး

Source : Epicurious

ပန်းသီးတွေဟာ စွမ်းအင်တဖြည်းဖြည်းထုတ်လွှတ်ပေးတဲ့အသီးဖြစ်ပါတယ်။ စွမ်းအင်အရင်းအမြစ်အသီးတမျိုးဖြစ်သလို ခန္တာကိုယ်မှာ စွမ်းအင်မြှင့်တင်ရန်အတွက်လိုအပ်တဲ့ ဗီတာမင်စီ၊ ဘီနဲ့ ပိုတက်စီယမ်ဓါတ်တွေလဲပါဝင်ပါတယ်။

(၄) လိမ္မော်သီး

Source : Healthline

လိမ္မော်သီးတွေကတော့ စွမ်းအင်ရော ဗီတာမင်စီပါကြွယ်ဝတဲ့ နာမည်ကျော်အသီးပါပဲ။ ဒါ့ပြင် လိမ္မော်သီးတွေမှာ သင့်ခန္တာကိုယ်ကျန်းမာစွာအလုပ်လုပ်နိုင်ဖို့လိုအပ်တဲ့ ဖော့စဖရပ်၊ သတ္တုဓါတ်နဲ့အမျှင်ဓါတ်များစွာပါဝင်ပါတယ်။

(၅) သဘော်သီး

Source : Cooking Light

သဘော်သီးတွေဟာ တခြားအသီးတွေကွဲပြားပြီး ကျန်းမာရေးရှုထောင့်ကနေကြည့်ရင်အလွန်အထောက်အကူပြုတဲ့အသီးတမျိုးပါ။ သူတို့က ကိုယ့်ခံအားကိုတိုးတက်ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းမှာစွမ်းအင်တည်ဆောက်ဖို့ကူညီပေးပါတယ်။

(၆) သရက်သီး

Source : Saúde & Vitalidade

အသီးမှာသရက်ဆိုသလိုပဲ သရက်သီးဟာသစ်သီးဝလံဘုရင်ဖြစ်ပါတယ်။ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သွပ်၊ ဖောလိတ်နဲ့ ပရိုတင်းဓါတ်အမျိုးမျိုးပါဝင်တဲ့အသီးကိုပြောပါဆိုပါဆိုရင် သရက်သီးကိုသာရွေးလိုက်ပါ။

(၇) ထောပတ်သီး

Source : SNAP-Ed Connection

ထောပတ်သီးမှာ အဆီပါဝင်နှုန်းမြင့်မားတဲ့ အသားထူထူတွေပါဝင်ပါတယ်။ သူ့မှာပါဝင်တာအဆီဆိုပေမယ့် ကောင်းမွန်တဲ့သဘာဝအရင်းအမြစ်အဆီသာဖြစ်ပါတယ်။ ထောပတ်သီးဟာ သင့်စွမ်းအင်ကိုမြင့်တင်ဖို့ သင့်အစားအသောက်ထဲမှာထည့်သင့်တဲ့ အဖိုးတန်အသီးတမျိုးပါ။

Featured Image Source: Westend 61