မျက်မှန်သမားတွေအတွက်တော့ မျက်မှန်တွေဆိုတာ တယ်လီစကုပ်တွေ မိုက်ခရိုစကုပ်တွေ ဖြစ်ပြီး အိပ်ရာထကနေ အိပ်ရာဝင်အထိ နှာခေါင်းရိုးပေါ် ချိတ်တင်ထားရတဲ့ လက်နက်တွေလည်း ဖြစ်ပါတယ်။ ဒီလောက် အရေးကြီးလှတဲ့ မရှိမဖြစ် အသုံးအဆောင်ကို နေ့တိုင်း စနစ်တကျ သန့်ရှင်းရေးလုပ်ဖို့ မျက်မှန်သမားအတော်များများ မေ့နေတတ်ကြပါတယ်။

မျက်မှန်ဆိုတာ မျက်လုံးကို ပြင်ပက လေ/ဖုန်မှုန်နဲ့ အညစ်အကြေးတွေကလည်း ကာကွယ်တဲ့အလုပ်လုပ်ပါတယ်။ ဒါကြောင့် မျက်မှန်ဟာ ညစ်ပတ်ပေရေစွန်းထင်းလွယ်ပါတယ်။ ကြာလာရင် မျက်မှန်မှာ အစွန်အကွက်တွေ ဖြစ်လာသလို မျက်မှန်သုံးသူဟာလည်း အားပိုစိုက်ရတော့ ပါဝါတွေ တက်လာနိုင်ပါတယ်။
တကယ်တော့ မျက်မှန်သန့်ရှင်းရေး လုပ်ပေးဖို့ မျက်မှန်ဆိုင်သွားစရာ မလိုပါဘူး။ သိပ်ကို ရိုးရှင်းပြီး ကိုယ့်အိမ်ထဲမှာတင် လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

(၁) ရေနဲ့ မုန့်ဖုတ်ဆိုဒါ

Photo: Freepik

အိမ်သန့်ရှင်းရေးလုပ်ချိန်မှာ မုန့်ဖုတ်ဆိုဒါဟာ အတော်လေး အသုံးဝင်တဲ့ပစ္စည်းဖြစ်ပါတယ်။ မျက်မှန်ချေးချွတ်ဖို့အတွက်လည်း မုန့်ဖုတ်ဆိုဒါကို သုံးနိုင်ပါတယ်။ ရေနဲ့ မုန့်ဖုတ်ဆိုဒါ သမအောင် ရောမွှေပြီး မျက်မှန်အစွန်းထင်းပေနေတဲ့ နေရာတွေပေါ် သုတ်လိုက်ပါ။. ပြီးရင် ရေနဲ့ ဆေးပြီး အဝတ်သန့်သန့်နဲ့ ခြောက်အောင် သုတ်လိုက်ရမှာ ဖြစ်ပါတယ်။

(၂) Screen Cleaner သုံးပါ

Photo: Freepik

နောက်ထပ်အလွယ်နည်းလမ်းတစ်ခုက Screen Cleaning Spray သုံးတာပဲ ဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာ သုံးနိုင်ပါတယ်။ Screen Cleaner သုံးမယ်ဆိုရင် မျက်မှန်မှာ ပါတဲ့ မှန်သုတ်ဖို့ နူးညံ့တဲ့ပုဝါ/တို့ဖတ်တစ်ခုပဲ လိုပါတယ်။

(၃) သွားတိုက်ဆေး

Photo: Freepik

ကိုယ့်အိမ်မှာ မုန့်ဖုတ်ဆိုဒါလည်း အလွယ်မရှိဘူး၊ Screen Cleaner လည်း မဝယ်ထားဘူးဆိုရင် သွားတိုက်ဆေးကို မှန်ဆေးရည်လို အသုံးပြုနိုင်ပါတယ်။ သွားတိုက်ဆေးနည်းနည်းလေးကို လက်မှာ ပွတ်ပြီး မှန်ပေါ်က အစွန်းထင်းပေနေတဲ့နေရာကို စက်ဝိုင်းပုံစံနဲ့ ပွတ်ပေးရမှာပါ။ပြီးရင်တော့ အဝတ်နဲ့ သုတ်ပေးရုံပါပဲ။

(၄) ဗင်နီကာနဲ့ ဆိုဒါပေါင်ဒါ

Photo: Freepik

ပလတ်စတစ် Lens တွေအတွက် သုံးနိုင်မယ့် နည်းပါ။ ပလတ်စတစ်မှန်တွေမှာ စွန်းပေနေတာတွေကို ချွတ်ဖို့အတွက် ဆိုဒါမှုန့်နဲ့ ဗင်နီကာတို့ ပလာစတာကိုင်ပြီး မှန်ပေါ် ပွတ်ရမှာပါ။ ပြီးရင် ရေခပ်နွေးနွေးနဲ့ ဆေးချပြီး အဝတ်သန့်သန့်နဲ့ ခြောက်အောင် သုတ်ပေးရမှာ ဖြစ်ပါတယ်။

(၅) ပန်းကန်ဆေးဆပ်ပြာ

Photo: Freepik

ဒီနည်းကလည်း ပလတ်စတစ်မှန်တွေအတွက် ဖြစ်ပါတယ်။ အဝတ်လျှော်ဆပ်ပြာရည် အနည်းငယ်ကို Plastic Lens ပေါ် တင်ပြီး ညင်ညင်သာသာ ပွတ်ပါ။ ပြီးရင် ရေကြက်သီးနွေးနဲ့ ဆေးပြီး အခြောက်ခံထားပြီးမှ မှန်ကို အဝတ်စနဲ့ ပွတ်ပေးရမှာ ဖြစ်ပါတယ်။