အားလပ်ချိန်ဆိုတာ တကယ်တော့ တန်ဖိုးရှိလွန်းပါတယ်။ ဘဝမှာအောင်မြင်နေသူအများစုကလည်း အချိန်တိုင်းအလုပ်တွေလုပ်နေတာမဟုတ်ဘဲ အားလပ်ချိန်ကိုအားလပ်ချိန်နဲ့တူအောင်ဖြတ်သန်းနေထိုင်လေ့ရှိပါတယ်။ ဒီနေ့တော့ သင့်ရဲ့အားလပ်ချိန်မှာ အကျိုးရှိတဲ့အရာတွေလုပ်ဆောင်နိုင်ဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) တိုးတက်မှုကိုရှာဖွေပါ

Source : BizLibrary

အောင်မြင်ချင်သူတိုင်း ကိုယ်လက်ရှိရောက်နေတဲ့ နေရာတစ်ခုမှာ ရောင့်ရမ်းတင်းတိမ်မနေကြပါဘူး။ သူတို့ရဲ့ဘဝကို ပိုပြီးတိုးတက်ကောင်းစေမယ့် အရာတွေကိုရှာဖွေကြပါတယ်။ ဒါကြောင့်စာဖတ်သူအနေနဲ့ အားလပ်ချိန်မှာ ကိုယ့်ကိုယ်ကိုအဆင့်မြှင့်တင်နိုင်ဖို့ လေ့လာမှုတွေ သင်ယူမှုတွေ တိုးတက်ပြောင်းလဲစေမယ့် ရင်းနှီးမြုပ်နှံမှုတွေကိုရှာဖွေလုပ်ဆောင်သင့်ပါတယ်။

(၂) ဝင်ငွေတိုးစေမယ့်အရာတွေလုပ်ပါ

Source : eLearning Industry

ယနေ့ခေတ်မှာ ပရော်ဖက်ရှင်လုပ်ကိုင်နေတဲ့အလုပ်အပြင် ကြားပေါက်ဝင်ငွေရစေမယ့် လုပ်ငန်းတွေကိုလည်း တော်တော်များများလုပ်လာကြပါတယ်။ အွန်လိုင်းပေါ်မှာ ဘလော့ရေးသားခြင်း ဓာတ်ပုံရိုက်ကူးခြင်း စသည်ဖြင့် မိမိအားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလုပ်ကိုင်လို့ရပြီး အားလပ်ချိန်ကို ဝင်ငွေတိုးစေမယ့်အရာလေးတွေလုပ်ဆောင်ခြင်းဖြင့် အကျိုးရှိစွာ ဖြတ်သန်းလို့ရပါတယ်။

(၃) ဝါသနာအသစ်တွေလုပ်ဆောင်ပါ

Source : NegativeSpace

ဘဝကို လုပ်ရိုးလုပ်စဉ်အလုပ်တွေနဲ့ပဲ ရိုးရှင်းစွာဖြတ်သန်းနေခြင်းက တစ်ခါတစ်လေမှာပျင်းဖို့ကောင်းသလို ကိုယ့်အတွက်ဖန်တီးနိုင်စွမ်းတွေစွမ်းဆောင်ရည်တွေလည်းကျဆင်းစေပါတယ်။ ဒါကြောင့် သင့်ဘဝရဲ့လုပ်ရိုးလုပ်စဉ်အရာတွေထဲကခွဲထွက်နေတဲ့ ဝါသနာအသစ်အဆန်းတစ်ခုခုလုပ်ဆောင်ကြည့်ပါ။ ဝါသနာအသစ်အဆန်းလေးတွေလုပ်ဆောင်နေရချိန်ဟာ စိတ်လှုပ်ရှားဖို့ကောင်းပြီး စစ်မှန်တဲ့ ပျော်ရွှင်ခြင်းတွေရစေနိုင်သလို အချိန်ကိုအကျိုးရှိစွာဖြတ်သန်းခြင်းတစ်မျိုးလည်းဖြစ်ပါတယ်။

(၄) ကျန်းမာရေးလိုက်စားပါ

Source : Pxfuel

ကျန်းမာခြင်းဟာ လူတစ်ယောက်ရဲ့ ဘဝမှာအရမ်းကိုအရေးကြီး အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ကျန်းမာရေးလို့ပြောလိုက်တာနဲ့ ကိုယ်ကျန်းမာရေးသာမကစိတ်ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ မိမိအားလပ်ချိန်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာစေမယ့် အလေ့အကျင့်ကောင်းတွေလုပ်ဆောင်ပါ။ နေ့စဉ်ပုံမှန်အားကစားလုပ်ဆောင်ပါ။ စိတ်လက်ပေါပါးစေမယ့် အရာလေးတွေရွေးလုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေရွေးချယ်စားသုံးဖို့ အကြံပြုချင်ပါတယ်။