ယနေ့ခေတ်မှာ အလုပ်တစ်ခုရဖို့အရမ်းကိုခက်ခဲသလို ရထားတဲ့အလုပ်တစ်ခုကို လက်လွတ်ခံဖို့ကလည်း အတော်လေး စဉ်းစားရခက်ပါတယ်။ လူအများစုအတွက် မိမိလက်ရှိလုပ်နေတဲ့အလုပ်ကနေ ထွက်ဖို့ဆိုတာ ဝေခွဲရခက်စေတဲ့ ကိစ္စတစ်ခုပါပဲ။ သို့သော် အောက်ပါအချက်တွေအတိုင်း သင့်အလုပ်မှာခံစားတွေ့ကြုံနေရပြီဆိုရင်တော့ အလုပ်ထွက်စာတင်ဖို့ ဆုံးဖြတ်သင့်ပါပြီး။ ဘယ်လိုအရာတွေလည်းဆိုတာလေ့လာကြည့်လိုက်ပါအုန်း။
(၁) အမြဲစိတ်ဖိစီးနေရပြီဆိုရင်
Source : Life Resolutions
မနက်ခင်းအလုပ်သွားဖို့ တော်တော်လေးအားယူနေရပြီးလား။ အလုပ်ကိုလုံးဝမသွားချင်လောက်တဲ့အထိ စိတ်ပျက်စိတ်နေမိပြီလား။ တစ်နေ့ကုန်အလုပ်ထဲရောက်နေပေမယ့် အလုပ်အပေါ်စိတ်ဝင်စားမှုမရှိတော့တဲ့အခါ အလုပ်ဆိုတဲ့နေရာက သင့်အတွက် အချိန်ဖြုန်းရုံသက်သက်နေရာတစ်ခုဖြစ်လာနိုင်ပါတယ်။ အလုပ်မှာတက်ကြွရွှင်လန်းမှုမရှိ စိတ်ခွန်အားမရှိရင် အလုပ်ခွင်ကကိုယ့်အတွက် ပျော်ရွှင်ဖို့လည်းကောင်းမှာမဟုတ်ပါဘူး။ ဒါကြောင့်အလုပ်ခွင်က ကိုယ်အတွက် စိတ်ဖိစီးစရာနေရာတစ်ခုအဖြစ်ခံစားနေရပြီဆိုရင် အလုပ်ထွက်ဖို့ (သို့) အလုပ်ပြောင်းဖို့ စဉ်းစားသင့်ပါပြီ။
(၂) စိန်ခေါ်မှုမရှိဘူးဆိုရင်
Source : The Guardian
အလုပ်တစ်ခုကကိုယ်အတွက် အရမ်းကိုသက်တောင့်သက်သာဖြစ်လွန်းနေရင်လည်း မကောင်းပါဘူး။ လစဉ်လတိုင်း ပုံမှန်လုပ်ရိုးလုပ်စဉ်အလုပ်တွေကိုသာ လုပ်ဆောင်နေရမယ်ဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ပျင်းရိငြီးငွေ့မှုတွေခံစားရလာပြီး ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ လုပ်ဆောင်ရည်တွေကျဆင်းလာနိုင်ပါတယ်။ စိန်ခေါ်မှုရှိမှ ကိုယ်အတွက်တိုးတက်မှုဆိုတာလည်းရှိတာမလို့ လက်ရှိအလုပ်ကစိန်ခေါ်မှုကင်းမဲ့ဇုန်ဖြစ်နေရင်အလုပ်ထွက်ဖို့ စဉ်းစားသင့်ပါတယ်။
(၃) တိုးတက်မှုမရှိဘူးဆိုရင်
Source : Her Norm
အလုပ်တစ်ခုကိုရွေးချယ်တဲ့အခါ လစာအပြင်ကိုယ်အတွက်ပညာရစရာ လေ့လာသင်ယူစရာတွေရှိရဲ့ဆိုတာလည်း ထည့်စဉ်းစားဖို့လိုပါတယ်။ ဒါမှလည်း အလုပ်ကနေသင်ယူရင်း သင့်ရဲ့ အရည်အချင်းတွေက တိုးတက်ပြောင်းလဲလာပြီး အောင်မြင်တဲ့နေရာတစ်ခုရောက်ဖို့ လမ်းစပေါ်စေမှာပါ။ အလုပ်မှာကိုယ်အတွက် သင်ယူစရာလည်းသိပ်မရှိဘူး တိုးတက်ပြောင်းလဲနိုင်မယ့် အခွင့်အရေးတွေလည်းသိပ်မရဘူး လစာတိုးလာတာမျိုးတွေလည်းမရှိဘူးဆိုရင် ဒီထက်ပိုကောင်းတဲ့အလုပ်ခွင်တစ်ခုကို ပြောင်းရွေ့ဖို့ စဉ်းစားသင့်တဲ့အချိန်တစ်ခုဖြစ်ပါတယ်။
(၄) အခွင့်အလမ်းကောင်းရလာပြီဆိုရင်
Source : Monster Jobs
လက်ရှိအလုပ်ကကိုယ့်အတွက် အဆင်ပြေတယ်ဆိုပေမယ့် တစ်ဖက်မှာလစာပိုင်းအရရော လုပ်ငန်းပိုင်းအရပါ ကိုယ်အတွက်အားသာချက်တွေရှိနေတယ်ဆိုရင် လက်ရှိအလုပ်ကိုထွက်လိုက်ဖို့ တွေဝေမနေသင့်ပါဘူး။ လူတိုင်းလူတိုင်းက ကိုယ့်ဘဝအတွက် တိုးတက်ရာတိုးတက်ကြောင်းကိုရှာဖွေနေကြရတာဖြစ်တဲ့အတွက် အကယ်၍ ပိုကောင်းတဲ့အခွင့်အလမ်းတစ်ခုခုနဲ့ ချိတ်ဆက်မိတယ်ဆိုရင် လက်ရှိအလုပ်ကနေ ပြောင်းရွေ့ဖို့ စဉ်းစားသင့်ပါတယ်။