ရောဂါပိုးမွှားတွေဟာ သင့်ရဲ့အိမ်မှာ သက်တောင့်သက်တာ ပုန်းအောင်းနေနိုင်တယ်ဆိုတာ သင်သိပါသလား။ တကယ်တော့ သင့်အနေနဲ့ကြည့်လိုက်ရင် ဘာမှမဖြစ်လောက်ဘူးဆိုတဲ့ ပစ္စည်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်ပြီးနေနိုင်ပါတယ်။ အခုပြောပြမယ့် အဆိပ်သင့်စေတဲ့ အိမ်ထဲကပစ္စည်းတွေကို လွှင့်ပစ်လိုက်ပါ။

ပလတ်စတစ်ဗူးများ

Source: DHgate

ပလတ်စတစ်ဗူးလေးတွေက အစားအသောက်သိုလှောင်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါ့ကြောင့် လူအများစုက စုထားလေ့ရှိကြတယ်။ ဒါပေမယ့် “PC” ဆိုတဲ့ စကားလုံးရိုက်နှိပ်ထားတဲ့ ပလတ်စတစ်ဗူးတွေက အသုံးပြုဖို့အတွက် အန္တရာယ်ရှိတယ်ဆိုတာ သတိထားဖို့လိုအပ်ပါတယ်။ PC ဆိုတာကတော့ ပိုလီကာဗွန်နိတ်ဖြစ်ပြီး အဆိပ်သင့်ဓာတုပစ္စည်းဖြစ်တဲ့ အော်ဂဲနစ်ဓာတ်ပေါင်းဖြစ်တဲ့ ဘစ်ဖီနော် (BPA) ပါဝင်ပါတယ်။ BPA ကအသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ပလတ်စတစ်ဗူးတွေအစား ဖန်ဘူးတွေကို အစားထိုးအသုံးပြုကြဖို့ အကြံပြုပါရစေ။

Air fresheners

Source: Food Matters

တိုက်ခန်းတွေ ကွန်ဒိုတွေမှာ နေတဲ့လူအများစုက အခန်းတွင်းအနံ့အသက်မွေး နေစေဖို့အတွက် Air fresheners ကိုအသုံးပြုကြတယ်။ တကယ်တော့ ဒါဟာ သင့်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။ Air fresheners ကနေထွက်လာတဲ့ အနံ့အသက်တွေ အကြာကြီးခံနေစေဖို့အတွက် ဓာတုပစ္စည်းတွေအသုံးပြု ထုတ်လုပ်ကြရပါတယ်။ ဒီဓာတုပစ္စည်းတွေကို ရှုမိရင် ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရပါလိမ့်မယ်။

သွားတိုက်တံအဟောင်း

Source: News Thump

ရေချိုးခန်းထဲမှာ သွားတိုက်တံအဟောင်းတွေကို မထားသင့်ပါဘူး။ ပြီးတော့ တုတ်ကွေးဖြစ်နေတဲ့အချိန်တွေမှာ အသုံးပြုခဲ့တဲ့ သွားတိုက်တံတွေကိုလည်း ထပ်မံပြီးအသုံးမပြုသင့်ပါဘူး။ ဘတ်တီးရီးယားတွေက သွားတိုက်တံပေါ်မှာ ကပ်ညှိနေနိုင်လို့ပါ။

အဝတ်အစား အဟောင်းများ

Source: Lincoln, CA Recycling & Garbage

သင် မဝတ်ဖြစ်တော့တဲ့ အဝတ်တွေက ဝတ်စရာအဝတ်အစားအများကြီးရှိတယ်ဆိုတဲ့ အထင်မှားမှုကို ပေးစွမ်းရုံသာမက သင်နဲ့ မတော်တော့တဲ့ အဝတ်အစားတွေက စိတ်ဖိစီးမှုကိုလည်း လျော့ချမပေးနိုင်ပါဘူး။ အဝတ်အစားအဟောင်းတွေက သင့်အတွက် ကောင်းကျိုးပေးနေမှာမဟုတ်ပါဘူး။ ဒါကြောင့် မဝတ်ဖြစ်တော့တဲ့ အဝတ်အထည်တွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။