စိတ်ဓာတ်ကျခြင်းက လူတိုင်းကြုံတွေ့ရနိုင်တဲ့ အခြေအနေတစ်ခုပါ။ အခုလိုအကျပ်အတည်းကာလမှာ စိတ်ဓာတ်ကျခြင်းတွေက ပိုလိုတောင်ကြုံလာနိုင်ပါသေးတယ်။ စိတ်မပူပါနဲ့ ဒီဆောင်းပါးလေးကနေ စိတ်ဓာတ်ကျခြင်းကိုသက်သာအောင်ပြုလုပ်လို့ရနိုင်တဲ့နည်းလမ်းတွေ ညွှန်းပေးမှာဖြစ်ပါတယ်။

Source : Men’s Journal

အားကစားလုပ်ပါ – ဒီနေ့ဟာ ကိုယ့်အတွက်စိတ်ဓာတ်ကျမှုတွေနဲ့ ရင်ဆိုင်နေရတဲ့နေ့ဖြစ်ခဲ့ရင် အခုပဲထိုင်ရာကနေထပြီး အိမ်အပြင်ဘက်လမ်းလျောက်ထွက်တာ စက်ဘီနင်းတာ ပြေးတာ စတဲ့ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုလုပ်ဆောင်ကြည့်ပါ။ အားကစားပြုလုပ်ခြင်းက စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုလျော့ကျစေနိုင်တဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝဆီသို့ အရောက်ပို့ပေးနိုင်မယ့် နည်းလမ်းလည်းဖြစ်ပါတယ်။

ချစ်ရသူတွေကိုအချိန်ပေးပါ – ချစ်ခင်ရတဲ့ မိသားစုဝင်သူငယ်ချင်းမိတ်ဆွေတွေက စိတ်ဓာတ်ကျခြင်း အထီးကျန်ခြင်းတွေအတွက် အကောင်းဆုံးကုစားနိုင်တဲ့ဆေးတစ်ခွက်ပါ။ အခန်းထဲမှာတစ်ယောက်တည်း စိတ်ဓာတ်ကျနေမယ့်အစား ချစ်ရတဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေ မိတ်ဆွေတွေကိုဖုန်းခေါ်ပြီးဖြစ်စေ လူကိုယ်တိုင်သွားရောက်တွေ့ဆုံပြီးဖြစ်စေ စကားတွေပြောပြီးရယ်မောကြည့်ပါ။ စိတ်ဓာတ်ကျခြင်းဝေဒနာတွေအတော်အသင့်သက်သာသွားစေမှာဖြစ်ပါတယ်။

ကျန်းမာစွာစားသုံးပါ – စိတ်ဓာတ်ကျပြီးအစားအသောက်ပျက်တဲ့အခါ ခန္ဓာကိုယ်ကအားအင်ကုန်ဆုံးပြီး သင့်ကိုစိတ်ရောလူပါပင်ပန်းမှုတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးပေးဖို့မဖြစ်မနေလိုအပ်ပါတယ်။ လတ်ဆက်တဲ့ ဟင်းသီးဟင်းရွှက် သစ်သီးဝလံ အသားငါး အစေ့အဆံ နှင့်အခွံမာသီးကဲ့သို့ ခန္ဓာကိုယ်အဟာရဓာတ်ကိုအပြည့်အဝထောက်ပံ့ပေးနိုင်တဲ့အစားအစားတွေကိုစားသုံးပေးပါ။

Source : Medical News Today

ဖိအားပေးမှုတွေကို ရပ်တန့်လိုက်ပါ – တစ်ခါတစ်လေမှာ စိတ်စရာတွေ စိတ်ဓာတ်ကျစရာတွေပဲဆက်တိုက်တွေးနေပြီ ကိုယ့်ရဲ့ စိတ်ကိုကိုယ်တိုင်ဖိအားပေးမိနေတက်ပါတယ်။ ထိုအခါစိတ်ဓာတ်က ကျသထက်ပိုကျလာပြီး ထွက်ပေါက်ပိတ်လောက်တဲ့အခါ အဖြေရှာမရဖြစ်သွားတက်ပါတယ်။ဒါကြောင့် မကောင်းတဲ့အရာတွေဆက်တိုက်တွေးနေခြင်း ကိုယ့်ကိုယ်ကိုဖိအားပေးနေတဲ့အတွေးတွေကို ချက်ချင်းပဲ ရပ်တန့်ပစ်လိုက်ပါ။