အဲလ်ကိုဟောက အစာအိမ်ဆဲလ်တွေကိုသေစေပြီးတော့ အာဟာရတွေကို စုပ်ယူပေးတဲ့ အူမကြီးရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ပြီးတော့ သွေးကြောတွေကနေတဆင့် အာဟာရတွေ ပို့လွှတ်ခြင်းကိုလည်း တာဆီးပါသေးတယ်။ အဲလ်ကိုဟောဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုအာဟာရမရှိတဲ့အပြင် ခန္ဓာကိုယ်ထဲမှာ သိုလှောင်သိမ်းဆည်းထားတဲ့ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေကိုပါ ကုန်ခမ်းသွားစေပါတယ်။ ဒါ့ကြောင့် အရက်ကို မသောက်ဘဲနေတာက အကောင်းဆုံးပါပဲ။ ဒီနေ့ အရက်ဖြတ်လိုက်ခြင်းကြောင့် ရလာနိုင်မယ့်အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။
ကိုယ်အလေးချိန် ကျလာမယ်

Source: Smiling after workout
အဲလ်ကိုဟောဟာ ဇီဝဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ခန္ဓာကိုယ်က အဲလ်ကိုဟောကို အရင်ဆုံး ချေဖျက်ပါတယ်။ ဒါ့ကြောင့် တခြားအဆီနဲ့ သကြားဓာတ်တွေကို ချေဖျက်ဖို့အတွက် အချိန်ယူရတာကြောင့် ဝိတ်တက်စေပါတယ်။ အရက်ဖြတ်လိုက်ခြင်းက ကိုယ်အလေးချိန် ကျလာအောင် ကူညီပေးနိုင်ပါတယ်။
ကောင်းမွန်စွာအိပ်နိုင်မယ်

Source: One Year No Beer
တစ်ချို့လူတွေက အိပ်ပျော်စေဖို့အတွက် အရက်သောက်ကြတယ်။ ဒါပေမယ့် အရက်က သင့်ကို မိန်းမောစေတာလောက်ပဲ ကူညီပေးနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် မကူညီပေးနိုင်ပါဘူး။ အိပ်ပျော်နေတဲ့ အချိန် လန့်ပြီးနိုးလာတာ ဆီးမကြာခဏထသွားရတာမျိုးတွေကြောင့် အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အရက်ဖြတ်လိုက်မယ်ဆိုရင် ကောင်းမွန်စွာအိပ်နိုင်မှာပါ။
အသည်း ကျန်းမာရေး

Source: Pinterest
အရက်အလွန်အကျွံသောက်သုံးခြင်းဟာ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်းနဲ့ အခြားပြဿနာတွေ ဖြစ်စေပါတယ်။ အရက်ဖြတ်လိုက်ခြင်းကြောင့် အသည်းခြောက်တာနဲ့ အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားမှု လျှော့ကျစေပါတယ်။
ဦးနှောက်စွမ်းရည် ပြန်လည် မြင့်တက်လာမယ်

Source: Healthline
အရက်စွဲနေသူတစ်ယောက်ရဲ့ အတွေးတွေဟာ ရှုပ်ထွေးနေတတ်သလို မှတ်ဉာဏ်စွမ်းအားလည်း လျော့နည်းသွားတတ်ပါတယ်။ အရက်ဖြတ်လိုက်ခြင်းအားဖြင့် နဂိုမူလဦးနှောက်စွမ်းရည်မျိုး ပြန်ဖြစ်လာနိုင်ပါတယ်။
