သာယာတဲ့ Relationship တစ်ခုကို ဖန်တီးဖို့ မှော်ပညာဆိုတာ မရှိသေးပါဘူး။ စုံတွဲတိုင်းနီးပါး စကားများရန်ဖြစ်ကြတယ်။ တစ်ခါတစ်လေ သေးသေးမွှားမွှား ကိစ္စအတွက်နဲ့ ရန်ဖြစ်ကြတယ်။ ဒီလိုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွတ်နိုင်မှ အဆင်ပြေကြတာတွေ ရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ပြဿနာတစ်ခုကို ဖြေရှင်းဖို့အတွက် နည်းလမ်းရှာမရတာတွေလည်း ရှိတက်ပါတယ်။ ဒီလိုဖြစ်လာတဲ့အချိန်တွေမှာ ရှေ့ဆက်တိုးရမလား နောက်ဆုတ်ရမလား ဆိုတာကလည်း ဆုံးဖြတ်ရခက်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ Relationship တစ်ခုကို အဆုံးသတ်လိုက်သင့်တဲ့ အခြေအနေတွေအကြောင်း ပြောပြပေးသွားမှာပါ။
သင် (သို့) သင့်ချစ်သူက ချစ်ကြောင်းမထုတ်ပြတော့ခြင်း

Source: The List
နှုတ်နဲ့ပဲဖြစ်ဖြစ် အမူအရာနဲ့ပဲဖြစ်ဖြစ် ချစ်ခင်နှစ်သက်ကြောင်း သင့်ဘက်က မထုတ်ပြတော့ဘူး။ သူ့အပေါ် ချစ်တယ်လို့လည်း မခံစားရတော့ဘူးဆိုရင် သူမလည်း ဒီလိုအခြေအနေမျိုးမှာ ရှိနေနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်တဲ့စကားတွေ မပြောဖြစ်တာကြာပြီ တစ်ခန်းထဲမှာ ထိုင်နေပေမယ့် စကားတွေမပြောဖြစ်ကြတော့ဘူးဆိုရင် ဒီ relationship က ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ပါဘူး။
ခြားနားတဲ့ ဘဝရည်မှန်းချက်တွေ ရှိနေတယ်

Source: inc. Magazine
အရင်အချိန်တွေတုန်းက နှစ်ယောက်အတူတူ ဘဝအိပ်မက်တွေအကြောင်း ပြောဖူးခဲ့မယ်။ အနာဂတ်အတွက် စိတ်ကူးယဉ်ပုံဖော်ဖူးခဲ့မယ်။ ဒါပေမယ့် အခြေအနေတွေက ပြောင်းကုန်ပြီ။ နှစ်ယောက်ထဲက တစ်ယောက်က ကလေးယူပြီး ဘဝကိုအတည်တကျနေထိုင်ချင်တယ်။ နောက်တစ်ယောက်က ကလေးမယူချင်ဘူး လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်နှစ်သက်တယ်။ ဒါမှမဟုတ် သင်က နိုင်ငံခြားထွက် အလုပ်လုပ်ချင်တယ် စသဖြင့် ဘဝရည်မှန်းချက်တွေ မတူတော့တဲ့အခါမှာ နှစ်ယောက်အတူတူ ရှေ့ဆက်ဖို့အတွက် စဉ်းစားသင့်နေပါပြီ။
သင်က ပြောင်းလဲသွားပြီ

Source: Elite Daily
သင်က သူမနဲ့ စတွဲတုန်းက အချိန်လို မဟုတ်တော့ဘူး။ သင်က အရင်ကလို တစ်နေ့တာ အကြောင်းအရာတွေကို ပြောပြချင် စိတ်မရှိတော့ဘူး (သို့) သူမရဲ့တစ်နေတာအကြောင်းအရာတွေကို စိတ်ဝင်စားမှုမရှိတော့ဘူး။ သင့်ချစ်သူက သင့်အပေါ် နားလည်မှုရှိတယ်လို့ မခံစားရတော့တဲ့အချိန် (သို့) သူငယ်ချင်း မိသားစုဝင်တွေအတွက် ပိုပြီး အချိန်ပေးချင်စိတ်ပေါ်လာတဲ့အချိန်က relationship ကိုအဆုံးသတ်ဖို့ စဉ်းစားရမယ့် အချိန်ပါပဲ။
Relationship အဆုံးမဲ့တဲ့ ကြမ်းတမ်းတဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေခြင်း

Source: Hack Spirit
နောက်ဆုံး အတူတကွ ပျော်ရွှင်စွာရှိနေခဲ့တဲ့အချိန်ကို မမှတ်မိတော့ဘူး။ ပြီးတော့ relationship ကိုရှေ့ဆက်ဖို့အတွက် ဒုတိယ အတွေးတွေဝင်လာခြင်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စိတ်ပါဝင်စားမှုမရှိတော့တာတွေက အဆုံးသတ်နီးလာပြီဆိုတာ ပြနေတာပါပဲ။ နောက်ထပ်အသေချာဆုံး အချက်တစ်ခုကတော့ အနာဂတ်မှာ သူ မပါဝင်ပေမယ့် ဘာခံစားချက်မှမရှိတော့ဘူးဆိုရင်တော့ relationship ကိုအဆုံးသတ်လိုက်ဖို့ သင့်နေပါပြီ။
