မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီဟာ လူမျိုးရေးခွဲခြားတဲ့ ပို့စ်တစ်ခုကို အင်စတာဂရမ်မှာ တင်ခဲ့မိတာကြောင့် အက်ဖ်အေ ရဲ့စုံစမ်းစစ်ဆေးမှု ခံရနိုင်တယ်လို သတင်းတွေက ဖော်ပြနေကြပါတယ်။ ကာဗာနီဟာ အဆိုပါပို့စ်ကို ပြန်ဖျက်ချခဲ့တယ်လို့လည်း သိရပါတယ်။

Source: WV News
ကာဗာနီဟာ တနင်္ဂနွေနေ့က ဆောက်သမ်အသင်းနဲ့ပွဲမှာ ယူနိုက်တက်အသင်းကို အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအတွက် အရေးပါတဲ့ ဂိုး (၂) ဂိုးကို လူစားဝင်ကစားပြီး ခြေစွမ်းပြသွင်းယူပေးနိုင်ခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်သွင်းယူခဲ့တဲ့ ပထမခြေပဂိုး အတွက်လည်း ဂိုးဖန်းတီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Source: The Sun
အဆိုပါ အသက် (၃၃) နှစ်အရွယ်တိုက်စစ်မှူးဟာ နိုင်ပွဲအပြီးမှာ ပရိသတ်တွေဆီကနေ မက်ဆေ့တွေ အများကြီးရရှိခဲ့ပြီး ပို့စ်တစ်ခုအောက်မှာ “Gracias n******” ဆိုပြီး ပြန်ရေးခဲ့ပါတယ်။ ကာဗာနီအသုံးပြုခဲ့တဲ့ စကားလုံးဟာ လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်က အီဗရာကိုလူမျိုးရေးခွဲခြားခဲ့စဉ်တုန်းက သုံးခဲ့တဲ့ အသုံးအနှုန်းနဲ့ ဆင်တူနေခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အဆိုပါလုပ်ရပ်ကြောင့် ဒဏ်ငွေ ပေါင် (၄၀၀၀၀) ပေးဆောင်ခဲ့ရပြီး (၈) ပွဲပယ် ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ အက်ဖ်အေ ကတော့ ကာဗာနီနဲ့ ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပါဘူး။

Source: Eurosport
ကာဗာနီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကြေးအလွှတ်ဖြင့် ရောက်ရှိခဲ့တာဖြစ်ပြီး (၅) ပွဲလူစားဝင်ကစားထားက (၃) ဂိုးသွင်းယူပေးထားပါတယ်။ မန်ယူနည်းပြ ဆိုးရှားကတော့ တနင်္ဂနွေနေ့ နိုင်ပွဲအပြီးတွင် တိုက်စစ်မှူး ကာဗာနီရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ချီးကျူးစကားတွေ ပြောခဲ့ပါသေးတယ်။
