စိတ်ဖိစီးမှုမရှိတဲ့ဘဝကိုလူတိုင်းလိုချင်ကြမှာသေချာပါတယ်။ သို့သော်စိတ်ဖိစီးမှုတွေက ကိုယ်လိုချင်တိုင်းမရသလို မလိုချင်တဲ့အချိန်မှာလည်း ဝင်လာနိုင်တဲ့အရာမျိုးပါ။ ဒါကြောင့် နေ့စဉ်ဘဝမှာ သင့်စိတ်ရောလူပါ ကျန်းမာရေးကိုထိခိုက်စေတဲ့ စိတ်ဖိစီးမှုတွေကို အတက်နိုင်ဆုံးနည်းအောင် ဘယ်လိုနေထိုင်သင့်လဲဆိုတာပြောပြချင်ပါတယ်။

(၁) အားကစားပုံမှန်လုပ်ပါ

Source : Medical News Today

ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းက စိတ်ကျန်းမာရေးသာမက ကိုယ်ကာယကျန်းမာရေးကိုပါအကောင်းဆုံးမြှင့်တင်ပေးပါတယ်။ အားကစားပုံမှန်လုပ်သူတွေဟာ သာမာန်လူတွေထက် စိတ်ဖိစီးမှုကင်းပြီး ပျော်ရွှင်ကျန်းမာတဲ့လူနေမှု့ဘဝကိုရရှိကြပါတယ်။ဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာမှာ အနည်းဆုံး ၁ နာရီလောက်အချိန်ပေးပြီး ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။

 

(၂) ပျော်ရွှင်တဲ့စိတ်ကိုမွေးမြူပါ

Source : 123RF.com

ရယ်မောပျော်ရွှင်မှုတွေက လူတွေရဲ့စိတ်ကိုကျန်းမာစေပြီး ခံစားမှုကောင်းတွေပေးစွမ်းနိုင်ပါတယ်။ဒါကြောင့်သင့်ကိုစိတ်ပျော်စေမယ့် အရာလေးတွေလုပ်ဆောင်ခြင်းဖြင့် ပျော်ရွှင်တဲ့စိတ်ကိုမွေးမြူနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ဆုံတာမျိုး ဝါသနာပါတဲ့အရာလေးတွေလုပ်ဆောင်တာမျိုးစသည်ဖြင့်စိတ်ပျော်စေမယ့်အရာလေးတွေမကြာခဏလုပ်ဆောင်ပေးပါ။

(၃) စိတ်တည်ငြိမ်အောင်လေ့ကျင့်ပါ

Source : Mindful.org

စိတ်တည်ငြိမ်ခြင်းက စိတ်ဖိစီးမှုဒဏ်တွေကို အကောင်းဆုံးထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကိုတည်ငြိမ်စေမယ့် အရာတွေကိုလုပ်ဆောင်ပေးသင့်ပါတယ်။ဥပမာ နေ့စဉ်ပုံမှန် တရားထိုင်တာမျိုး ယောဂကစားတာမျိုးစတဲ့အလေ့အကျင့်ကောင်းတွေနဲ့ စိတ်ကိုတည်ငြိမ်အောင်လေ့ကျင့်ယူလို့ရပါတယ်။

(၄) ကောင်းကောင်းအိပ်စက်အနားယူပါ

Source : Science News

အိပ်စက်ခြင်းက ကျန်းမာရေးကိုများစွာအထောက်အကူပြုစေသလို စိတ်ဖိစီးမှုကိုလည်း ထိန်းချုပ်ကာကွယ်ပေးပါတယ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ တစ်ရက်ကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်အနားယူသင့်ပါတယ်။ အိပ်စက်မှုအရည်အသွေးကောင်းမွန်ခြင်းက သင့်ကိုသဘာဝအတိုင်းလန်းဆန်းတက်ကြွစေပြီး စိတ်ဖိစီးမှုနည်းစေပါတယ်။