အနေဝေးတဲ့ ချစ်သူနှစ်ဦးအတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေကများပါတယ်။ Long Distance Relationship တစ်ခု တည်မြဲနိုင်ဖို့ဆိုတာ ပြောသလောက်မလွယ်ကူနိုင်ပါဘူး။ အနေဝေးတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပိုပြီးနာလည်းမှု ယုံကြည်မှုတွေတည်ဆောက်ဖို့လိုအပ်ပါတယ်။ ဒီနေ့တော့ Long Distance Relationship တစ်ခုတည်မြဲနိုင်ဖို့ သိထားသင့်တဲ့အချက်လေးတွေပြောပြပေးချင်ပါတယ်။
(၁) ပွင့်လင်းပါ

Source : Shutterstock
ဒီအချက်က အရမ်းကို အရေးကြီးပါတယ်။ အနေဝေးနေတဲ့အတွက် သံသရာဆိုတာ များစွာဝင်လာနိုင်ပါတယ်။ မျက်စိရှေ့မှာတောင် အဖြစ်အပျက်မျိုးစုံနဲ့ ကွဲကွာသွားတဲ့ Relationship တွေ မနည်းမနောရှိတာကြောင့် အနေဝေးနေတဲ့သူတွေအတွက် ပိုပြီးစိတ်မချစရာတွေများပါတယ်။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းရှိပါ။ သံသယစိတ် လုံးဝအဖြစ်မခံပါနဲ့။ ယုံကြည်မှုကို သူများတွေထက်ပိုပြီး နှစ်ဆတည်ဆောက်ပါ။
(၂) စိတ်ချင်းနီးပါစေ

Source : Travel + Leisure
တစ်ယောက်တစ်နေရာစီဝေးနေပေမယ့် တစ်ချိန်ထဲမှာ အတူ တူပြုလုပ်လို့ရမယ့်အရာတွေရှိပါတယ်။ ဥပမာ အွန်လိုင်းဂိမ်းဆော့တာမျိုး သီချင်းဆိုလို့ရတဲ့ App တွေကနေ နှစ်ယောက်အတူသီချင်းဆိုတာမျိုး YouTube ကနေ Video တွေကြည့်တာမျိုး စသည့်ဖြင့်တစ်ချိန်ထဲမှာပဲ နှစ်ယောက်အတူတူပြုလုပ်လို့ရမယ့်အရာလေးတွေ ပြုလုပ်သင့်ပါတယ်။ ဒါမှလည်း လူချင်းဝေးနေပေမယ့် စိတ်ချင်းနီးစပ်နေမှာဖြစ်ပါတယ်။
(၃) အချိန်တစ်ခုသတ်မှတ်ပါ

Source : Glamour
တစ်ယောက်တစ်နေရာစီ မြေထောင်ချီဝေးနေတာကြောင့် သာမာန် Relationship တွေလို မကြာခဏတွေ့ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါကြောင့် အနေဝေးပေမယ့်လည်း အမြဲနီးကပ်နေသလို ခံစားရစေဖို့ အချိန်တစ်ခုသတ်မှတ်ရပါမယ်။ ဥပမာ ည (၉) နာရီကနေ ည (၁၁) နာရီအထိကို သီးသန့်အချိန်လေးတစ်ခု သတ်မှတ်ပြီး Video Call နဲ့ မျက်နှာချင်းဆိုင်စကားတွေပြောတာ ဖုန်းတွေ ပြောတာမျိုး ပြုလုပ်သင့်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်ကိုလည်း မပျက်မကွက်အချိန်ပေးနိုင်အောင်ကြိုးစားပါ။
(၄) အမှတ်တရတွေ ဖန်တီးပါ

Source : The Wall Street Journal
အွန်လိုင်းပေါ်ကနေ အချိန်တိုင်းစကားပြောနေရင်လည်း ကြာလာတဲ့အခါ ငြီးငွေ့သွားနိုင်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေကနေ အမှတ်တရဖြစ်စေမယ့်အရာလေးတွေ ဖန်တီးပါ။ ကိုယ့်ချစ်သူနဲ့ ပုံလေးတွေကို အမှတ်တရ ဗီဒီယိုလေးတွေလုပ်ပြီးတင်တာမျိုး သတိရတဲ့အကြောင်းလေးတွေကို Tag တွဲပြီးစာ ရေးတာမျိုး ကိုယ်ရောသူရောသဘောကျတဲ့အရာလေးတွေ တွေ့ရင် သတိတရ Share လုပ်တာမျိုး စသည့်ဖြင့် အမှတ်တရလေးတွေ ဖန်တီးပါ။
