လူမှာ အထူးခြားဆုံးကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုက ဦးနှောက်ဖြစ်ပါတယ်။ ဦးနှောက်စွမ်းအားကောင်းမှသာ နေ့စဉ်ကြုံနေရတဲ့ ပြဿနာတွေကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်စေဖို့ အလေ့အကျင့်နဲ့ ပြုပြင်လို့ရပါတယ်။ ဒီထဲက လွယ်ကူရိုးရှင်းတဲ့ ဦးနှောက်အတွက် လေ့ကျင့်ခန်းတချို့ကို မျှဝေပေးချင်ပါတယ်။
(၁) ပဟေဠိလေးတွေ ဖြေပါ

Photo: Freepik
ပဟေဠိတွေ ဖြေခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ခန်းဆင်းခိုင်းတာပဲ ဖြစ်ပါတယ်။ ပဟေဠိတွေ အဖြေရှာချိန်မှာ အာရုံစူးစိုက်မှုအားကောင်းဖို့ ကူညီပေးပြီး ယုတ္တိကျကျတွေးတတ်အောင် ပံ့ပိုးပေးပါတယ်။
(၂) စာများများရေးပါ

Photo: Freepik
မိုဘိုင်းလ်ထုတ်ကုန်တွေပေါ်မှာ စာရိုက်တာကို ပြောတာမဟုတ်ပါဘူး။ စာရွက်နဲ့ဘောပင်သုံးပြီး လက်နဲ့ရေးတာကို ဆိုလိုပါတယ်။ ဒိုင်ယာရီရေးတာလိုမျိုး ၊ ကိုယ့်အတွေးတွေကို ချရေးခြင်းအားဖြင့် မှတ်ဉာဏ်နဲ့ ဖန်တီးမှုစွမ်းအား ပိုတက်လာနိုင်ပါတယ်။
(၃) စကားလုံးသစ်တွေ နေ့စဉ်သင်ယူပါ

Photo: Freepik
မှတ်ဉာဏ်လည်းကောင်း ၊ ဝေါဟာရလည်း ကြွယ်ဝစေဖို့အတွက် နေ့စဉ် တစ်နေ့ကို စကားလုံးသစ်တစ်လုံး လေ့လာဖို့ပါပဲ။ ဘာသာခြား စကားလုံးသစ်ဆိုရင် ပိုကောင်းပါတယ်။ စကားလုံးသစ်တွေ ကျက်မှတ်လေ့လာခြင်းအားဖြင့် သိမှုဖြစ်စဉ်ကို ပိုတိုးတက်လာစေနိုင်ပါတယ်။
(၄) စာများများဖတ်ပါ

Photo: Freepik
စာဖတ်ခြင်းဟာ ဦးနှောက် ကျန်းမာထက်မြက်ဖို့အတွက် အရေးကြီးတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ နေ့စဉ်လုပ်ရမယ့်စာရင်းမှာ စာဖတ်ဖို့ အချိန်တစ်ခုလည်း ပေးထားရမှာပါ။ ရသဝတ္ထုတွေ ဖတ်ခြင်းအားဖြင့် ဖန်တီးမှုအားကောင်းလာပြီး တွေးခေါ်မှုပုံစံပါ ပိုပြီး မြင့်မားလာမှာပါ။
(၅) ပိုပြီး သတိရှိပါစေ

Photo: Freepik
သတိအားကောင်းစေဖို့ တရားထိုင်တာမျိုးလုပ်သင့်ပါတယ်။ တရားထိုင်ခြင်း ၊ စိတ်အစဉ်ကို စောင့်ကြည့်နေခြင်းအားဖြင့် သိသာတဲ့ တည်ငြိမ်အေးချမ်းမှုကို ခံစားလာပါလိမ့်မယ်။ သတိထားစောင့်ကြည့်မှုကို အခြေခံပြီး စိတ်ဖိစီးမှုလျှော့ချတဲ့နည်းတွေဟာလည်း အခုနောက်ပိုင်း အတော်လေး ခေတ်စားလာနေပါတယ်။ ဒီနည်းတွေဟာ ဦးနှောက်ထက်မြက်မှုအတွက်လည်း အလွန်ပဲထိရောက်မှုရှိတဲ့နည်းတွေ ဖြစ်ပါတယ်။
