ငယ်ငယ်က ကျောင်းမှာ “သိုးရေခြုံထားတဲ့ ဝံပုလွေ”ဆိုတဲ့ ဇာတ်လမ်းလေး ကြားဖူးကြမှာပါ။ တကယ့်အပြင်ဘဝမှာလည်း သိုးရေခြုံထားတဲ့ ဝံပုလွေတွေ အများကြီး ရှိကြတာပါပဲ။ တကယ်လို့ သင့်ရဲ့ အပေါင်းအသင်းထဲမှာ ဝံပုလွေတစ်ကောင်ပါလာပြီလားဆိုတာကို ဘယ်လိုလုပ်သိနိုင်မလဲ။ လွယ်ကူရိုးရှင်းတဲ့ အချက်တချို့ မျှဝေပေးချင်ပါတယ်။

(၁) နှစ်ယောက်စလုံးသိတဲ့ လူတစ်ယောက်အကြောင်း ပြောကြည့်ပါ

Photo: cheatsheet

အရင်ဆုံး မိတ်ဆွေတုဟုတ်မဟုတ်ကို သိရဖို့ သူနဲ့ကိုယ် နှစ်ယောက်လုံးနဲ့ ခင်မင်ရင်းနှီးတဲ့လူတစ်ယောက်အကြောင်း စကားစကြည့်ပါ။ အဲ့ဒီလို ပြောချိန်မှာ သူဘယ်လိုစကားတွေ သုံးနှုန်းသလဲ။ ဘယ်လိုပုံစံနဲ့ စကားပြောသလဲ။ သူငယ်ချင်းတွေအကြား သွေးထိုးတတ်သူ ၊ အတင်းအဖျင်းပြောတတ်သူတွေဟာ မယုံကြည်ရတဲ့ မိတ်ဆွေပါပဲ။

(၂) သူတို့အကြောင်းကို များများမေးပါ

Photo: medium

များသောအားဖြင့် မိတ်ဆွေတုတွေဟာ ကိုယ့်အကြောင်းကို ပြောဖို့ စိတ်အားမထက်သန်တဲ့အထဲမှာ ပါလေ့ရှိပါတယ်။ သူတို့အကြောင်း တစ်ခါမေးရင်လည်း တစ်မျိုးဖြစ်နေတတ်ပါတယ်။ အသေးစိတ်မေးလေလေ ဟိုလိုလို ဒီလိုလိုနဲ့ ဇာတ်ခေါင်းကွဲစကားတွေ ပြောလေလေပါပဲ။ လူတစ်ယောက်ရဲ့အကြောင်းကို အမှန်အတိုင်း မသိရရင်တော့ သူ့ကို ယုံယုံကြည်ကြည်နဲ့ပေါင်းသင်းဖို့ ခက်ပါတယ်။

(၃) သူတို့ရဲ့ စိတ်ရှည်မှုကို စမ်းသပ်ပါ

Photo; cheatsheet

သိုးရေခြုံထားတဲ့ ဝံပုလွေလားဆိုတာကို သူတို့ရဲ့ အသေးစား အချက်ပြမှုတွေကနေ သိနိုင်ပါတယ်။ အခက်အခဲတွေ မျှဝေချိန်မှာ ကူဖော်လောင်ဖက်မရှိသူ ၊ သူလိုချင်တာတွေ ကိုယ်မပေးနိုင်ချိန်မှာ ကိုယ်ချင်းမစာမနာ ပြုမူတတ်သူမျိုးဟာ မိတ်ဆွေတုတွေရဲ့ စိတ်မျိုး ဖြစ်ပါတယ်။ ဝေးဝေးက ရှောင်ရှားသင့်ပါတယ်။