စီးပွားရေးလုပ်ငန်းတစ်ခု ခြေစုံပစ်ဝင်ပြီး လုပ်ဖို့ စဉ်းစားနေရင် အရင်ဆုံး တတ်သိကျွမ်းကျင်သူတွေဆီက အကြံဉာဏ်ရယူသင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က စီးပွားရေးသမားမဟုတ်လို့ ဘာအကြံမှ မပေးနိုင်ပေမယ့် အဲလက်ဒေါ့ကွန်းဝက်ဘ်ဆိုက်က ပေးတဲ့ အကြံတချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) အပြောလွယ်ပြီး အလုပ်ခက်တယ်

Photo: Freepik

လုပ်ငန်းတစ်ခု စတော့မယ်လို့ ပြောတဲ့ လူ၆၀ မှာ တကယ် လုပ်ငန်းလုပ်ဖြစ်တာ ၁ ယောက်ပဲ ရှိကြပါတယ်။ အပြောလျှော့ပြီး လုပ်ဖြစ်ဖို့ လိုပါတယ်။ အိုင်ဒီယာဆိုတာ တကယ်ရလဒ်မပြခင်အထိ ဘာတန်ဖိုးမှ မရှိတဲ့အရာ ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။

(၂) စွန့်စားမှုတွေနဲ့ စတေးမှုတွေအတွက် ပြင်ထားပါ

Photo: Freepik

လူအတော်များများအမြင်မှာ သူများဆီမှာ အလုပ်လုပ်တာထက် ကိုယ့်ကိုယ်ပိုင်လုပ်ငန်းထောင်တာက ပိုပြီး လွယ်မယ်လို့ ထင်လေ့ရှိကြပါတယ်။ တကယ်တော့ ကိုယ်ပိုင်လုပ်ငန်းဆိုတာ တစ်ပတ် နာရီ ၄၀ အလုပ်ကနေ တစ်ပတ် နာရီ ၈၀ အလုပ်ကို ပြောင်းလိုက်တာပါ ဖြစ်ပါတယ်။ တစ်နေ့လုံး တစ်ညလုံးတောင် နားချင်မှလည်း နားရပါလိမ့်မယ်။ နောက်ပြီး လုပ်ငန်းလုပ်ချိန်မှာ တချို့လူတွေနဲ့ ရင်းနှီးမှုအတိုင်းအတာပါ ပျက်သွားတာမျိုး ကြုံနိုင်ပါတယ်။

(၃) တာထွက်ကောင်းပါစေ

Photo: Freepik
လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် အစကတည်းက စည်းနဲ့စနစ်နဲ့ ဖြစ်နေပါစေ။ စကတည်းက ယဉ်သကို ဆိုသလို ကချော်ကချွတ်နဲ့ စည်းစနစ်မရှိဘဲ စခဲ့ရင် အဲ့လုပ််ငန်းဟာ အလွယ်ကလေး ပြိုကွဲပျက်စီးသွားနိုင်ပါတယ်။

(၄) အရှုံးထဲက အမြတ်ရှာတတ်ပါ

Photo: Freepik

ရှုံးနိမ့်ခြင်းဟာ သင်ယူတတ်ရင် မိတ်ဆွေဖြစ်ပါတယ်။ အရှုံးကနေ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် သင်ခန်းစာယူတတ်ဖို့တော့ လိုပါတယ်။ စီးပွားရေးလောကဟာ ကြမ်းတမ်းခက်ထန်တဲ့သင်ခန်းစာတွေ ပေးတတ်ပါတယ်။ ဒီသင်ခန်းစာတွေကို ကြေညက်အောင် သင်ယူတဲ့သူဟာ စီးပွားရေးလောကမှာ အောင်မြင်တတ်ပါတယ်။

(၅) ရေရှည်အောင်မြင်ဖို့ အရင်းအမြစ် စီမံခန့်ခွဲနိုင်စွမ်းပေါ် မူတည်တယ်

Photo: Freepik

ထိုက်တန်တဲ့ ဘယ်အောင်မြင်မှုမှ ဖြတ်လမ်းဆိုတာ မရှိပါဘူး။ အောင်မြင်ချင်ရင် Work Smart ဖြစ်ဖို့ လိုသလို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သေချာသိနေဖို့ လိုပါတယ်။ အလုပ််တိုင်းကို အထိရောက်ဆုံးဖြစ်စေဖို့ ကိုယ့်မှာ ရှိတဲ့ အချိန် ၊ ငွေ ၊ လူနဲ့ လုပ်အားကို ဗျူဟာကျကျ အသုံးချတတ်ဖို့ လိုပါတယ်။ ဒါကြောင့်ပဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် စီမံခန့်ခွဲနိုင်စွမ်းကောင်းဖို့ လိုတာ ဖြစ်ပါတယ်။