သမိုင်းဆရာကြီး Raphael Hollinshed က ဝီစကီက ကျန်းမာရေးအတွက် ကောင်းကြောင်းစာအုပ်တွေ ရေးခဲ့ပါတယ်။ ဝီစကီကို မျှမျှတတ သောက်သုံးရင် အရွယ်တင်စေတယ်၊ အစာခြေစနစ်ကောင်းစေတယ် လက်တွေတုန်ရီတာတွေကနေ ကာကွယ်ပေးတယ် စသဖြင့်အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ကဲ ဝီစကီက ကျန်းမာရေးအတွက် ဘယ်လိုတွေ ကောင်းကျိုးရှိစေသလဲဆိုတာကို ကြည့်လိုက်ရအောင်။

ကင်ဆာကို တိုက်ခိုက်ပေးတယ်

Source: BBC Good Food

ဝီစကီမှာ ဝိုင်တွေဆီမှာ တွေ့ရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဝီစကီမှာ တွေ့ရတဲ့ Ellagic Acid (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) က ကင်ဆာဆဲလ်တွေဖြစ်တဲ့ Rogue Cells တွေကို စုပ်ယူပေးတယ်လို့ Jim Swan ကဆေးဘက်ဆိုင်ရာ ညီလာခံတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ ဒီ Acid မျိုးကို အသီးတွေမှာလည်း အလွယ်တကူရရှိနိုင်ပါတယ်။

စိတ်ဖောက်ပြန်မှုကို လျှော့နည်းစေတယ်

Source: The List

(၂၀၀၃) ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကျန်းမာရေးစာဆောင်မှာ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ အရက်အလွန်အကျွံသောက်တဲ့ လူနဲ့မသောက်တဲ့လူတွေထက် တစ်ပတ်ကို ဝီစကီ (၆) ခွက်သောက်သူဟာ စိတ်ဖောက်ပြန်မှုခံစားရခြင်းမှ လျှော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။

နှလုံးရောဂါဖြစ်ခြင်းမှ လျှော့ကျစေတယ်

Source: Flying High On Points

ကျွမ်းကျင်သူတွေရဲ့လေ့လာမှုအရ တစ်ပက်ကို ဝီစကီ ခွက်သေး (၇) ခွက်သောက်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေနဲ့ နှလုံးပျက်စီးမှုတွေကနေ လျှော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။

ဝီစကီမှာ သကြား၊ အဆီနဲ့ ကာဘိုဟိုက်ဒရိတ်တွေ မပါဝင်ဘူး

Source: Flying High On Points

အရက်လည်းသောက်ချင်တယ်။ ဝိတ်တက်မှာလည်း စိုးရိမ်နေသူတွေအတွက် ဝီစကီသောက်ဖို့ အကြံပေးပါရစေ။ ဝီစကီမှာ အဆီလုံးဝပါဝင်မှု မရှိသလို၊ ကာဘိုဟိုက်ဒရိတ်နဲ့ သကြားပါဝင်မှုကလည်း အနည်းငယ်သာရှိတာကြောင့် ဝိတ်တက်လာမှာ ပူစရာမလိုပါဘူး။

အအေးကိုတိုက်ထုတ်ပေးတယ်

Source: Raconteur

အေးတဲ့ရာသီဥတုမျိုးမှာ ဝီစကီသောက်ပေးလိုက်ရင် အအေးဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ ဝီစကီ၊ ရေနွေး၊ သံပရာနဲ့ ပျားရည်တွေကို ရောနှောပြီး သောက်တာက ပိုပြီးတော့ အရသာကိုထူးခြားစေပြီး အအေးဒဏ်ကို ခံနိုင်ရည်ရှိစေမှာပါ။