ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ဘောလုံးလိဂ်တွေမှာ နည်းပြလုပ်ရတဲ့ လူတွေအတွက်ပေးဆပ်ရတဲ့ တန်ဖိုးကကြီးမားပါတယ်။ ဆုံးဖြတ်ချက်လေးမှားလိုက်တာနဲ့ အသင်းကရှုံးနိမ့်သွားနိုင်သလို အသင်းပရိသတ်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။

Source: Goal
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ရတာကလည်း မလွယ်ကူလှပါဘူး။ အသင်းရလဒ်မကောင်းတာနဲ့ နည်းပြအပြောင်းအလဲလုပ်ခြင်းကြောင့် မကြာခဏဆိုသလို နည်းပြတွေ ထုတ်ခံနေရပါတယ်။ ယခုလည်း အာဆင်နယ်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ခဲ့တာ မကြာသေးတဲ့ အာတီတာဟာ ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်သည့်နည်းပြ ရေပန်းစားမှုစာရင်းတွင် အလေးပေးမှု 9:2 ဖြင့် ခရစ္စဝိုင်လ်ဒါ (ရှက်ဖီးယူနိုက်တက်)၊ ဘီလစ် (ဝက်စ်ဘရွန်း) တို့ရဲ့ တတိယနေရာသို့ ရောက်ရှိလာပြီဖြစ်ပါတယ်။
ဒါပေမယ့်နည်းပြကိုယ်တိုင်ကတော့ “ဆက်ပြီး တိုက်ပွဲဝင်ဖို့အတွက် ကစားသမားတွေကို အားပေးရအုံးမှာပါ။ ဒါကကျနော်လုပ်နိုင်တဲ့အရာပါပဲ။ အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုရာကို ပြောပါဆိုရင်တော့ အားလုံးက ထိပ်တန်းမှာရှိနေပါတယ်။” လို့ပြောသွားခဲ့ပါတယ်။

Source: Yahoo-Sport-Australia
အာဆင်နယ်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်တွင် (၁၁) ပွဲကစားထားပြီး ရမှတ် (၁၃) မှတ်သာရရှိထားသေးကာ အမှတ်ပေးဇယားရဲ့ အဆင့် (၁၅) နေရာမှာရပ်တည်နေပါတယ်။ ဒါဟာ အသင်းသမိုင်းတစ်လျှောက် (၁၉၈၁-၁၉၈၂) နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရခြင်းလည်းဖြစ်ပါတယ်။

Source: Worldfootball
ပွဲစဉ် (၁၁) ပွဲအထိကစားထားပြီးပေမယ့် အာဆင်နယ်အသင်းရဲ့ သွင်းဂိုးစုစုပေါင်းဟာ (၁၀) ဂိုးသာရှိနေသေးတာကြောင့် တိုက်စစ်ပိုင်း အားနည်းနေတာဟာ ပေါ်လွင်နေပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးရှားကတော့ အဆင့် (၄) နေရာမှာရပ်တည်လျက်ရှိနေပါတယ်။
ထုတ်ပယ်ခံရနိူင်ချေရှိတဲ့ နည်းပြများစာရင်း
Slaven Bilic – 2/1
Chris Wilder – 11/4
Mikel Arteta – 11/2
Scott Parker – 15/2
Ole Gunnar Solskjaer – 9/1
Steve Bruce – 10/1
Sean Dyche – 12/1
Roy Hodgson – 12/1
David Moyes – 16/1
