ဆံပင်ပုံစံထားတော့မယ်ဆိုရင် ကိုယ့်မျက်နှာလိုက်မလိုက် ကြည့်ကြသလိုပါပဲ။ Facial Hair လို့ ခေါ်တဲ့ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးထားတော့မယ်ဆိုရင်လည်း ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ပုံမှန်အားဖြင့် မျက်နှာပုံစံ ၅ ခု ရှိပါတယ်။ လုံးဝန်းတဲ့ မျက်နှာ ၊ ဘဲဥပုံစံမျက်နှာ ၊ လေးထောင့်စပ်စပ်မျက်နှာ ၊ နဖူး မေးရိုးကျယ်ပြီး မေးချွန်သွားတဲ့ အသဲပုံမျက်နှာ နဲ့ ရှည်မျောမျော စတုဂံမျက်နှာပုံစံတို့ ဖြစ်ပါတယ်။ ဒီမျက်နှာပုံစံတွေနဲ့ လိုက်ဖက်တဲ့ မုတ်ဆိတ်ပုံစံတွေရွေးပေးလိုက်ပါတယ်။
(၁) မျက်နှာဝိုင်းများ

Photo: apetogentleman
လုံးဝန်းတဲ့ ပုံစံရှိနေတဲ့ မျက်နှာခပ်ဝိုင်းဝိုင်းပိုင်ရှင်တွေဟာ Short Boxed Beard လို့ခေါ်တဲ့ မုတ်ဆိတ်အပြည့်ကိုမှ ပါးပါးကပ်ကပ်တိထားတဲ့ဒီဇိုင်းနဲ့ အဆင်ပြေပါတယ်။ အဲ့လို မထားချင်ရင်လည်း ပါးအထိ မဟုတ်ဘဲ နှုတ်ခမ်းနဲ့မေးတစ်ဝိုက်ပဲ မုတ်ဆိတ်ဒီဇိုင်း Goatee နဲ့ အတိုအကပ်မုတ်ဆိတ်ရေးရေးဒီဇိုင်း Stubble မျိုး ထားသင့်ပါတယ်။
မျက်နှာဝိုင်းတဲ့သူတွေဟာ မုတ်ဆိတ်ထူကြီးတွေ ထားတာမျိုးကို ရှောင်ကြည်သင့်ပါတယ်။ မေးရိုးလိုင်းတစ်လျှောက် ပါးနှစ်ဘက်မှာ မုတ်ဆိတ်တွေ အရမ်းအထူမခံဘဲ ပုံမှန် Trim လုပ်ပြီး ပါးပေးသင့်ပါတယ်။ မေးရိုးနဲ့ ပါးရိုးတွေ အကျသပ်ရပ်ပြီး ကြည့်ကောင်းအောင် ပြုပြင်ထားရမှာပါ။
(၂) ဘဲဥပုံမျက်နှာများ

Photo: apetogentleman
ဘဲဥပုံမျက်နှာပိုင်ရှင်တွေကတော့ မုတ်ဆိတ်ကို အကြိုက်ထားလို့ရပါတယ်။ ထိန်းသိမ်းနိုင်ရင် ပြဿနာမရှိပါဘူး။ Full Beard လို့ ခေါ်တဲ့ မုတ်ဆိတ်ထူကြီးတွေလည်း ထားနိုင်သလို မျက်နှာဝိုင်းတဲ့ပုဂ္ဂိုလ်တွေထားသလိုမျိုး Stubble နဲ့ Short Boxed Beard မျိုးလည်း ထားလို့ရပါတယ်။
(၃) စတုရန်းပုံလေးထောင့်မျက်နှာများ

Photo: apetogentleman
လေးထောင့်စပ်စပ်မျက်နှာသမားတွေ မုတ်ဆိတ်ထားရင် ကြည့်လို့ပိုကောင်းတတ်ပါတယ်။ တစ်ခုရှိတာက Full Beard လိုမျိုး ထားတာထက် ပါးနဲ့ မေးရိုးနှစ်ဖက်က Facial Hair တွေ ပါးထားတဲ့ Tapered Full Beard တို့ သဘာဝအတိုင်း သိပ်မထူတဲ့ ခပ်ရေးရေး Stubble စတိုင်တွေ ထားသင့်ပါတယ်။
မျက်နှာပုံပိုကျစေဖို့အတွက် နှုတ်ခမ်းနဲ့ မေးရိုးတစ်ဝိုက် စက်ဝိုင်းပုံ Circular Beard မျိုးကလည်း လူကို ပိုခန့်ညားစေပါတယ်။ အရှည်ထားရင်လည်း ဖြစ်ပေမယ့် သေချာတော့ Well-Groomed လုပ်ပြီး ဂရုစိုက်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။
(၄) အသည်းပုံမျက်နှာများ

Photo: apetogentleman
နဖူးကျယ်ပြီး မေးစေ့ချွန်သွားတဲ့ အသည်းပုံမျက်နှာပိုင်ရှင်တွေဟာ Full Beard ဒီဇိုင်း ထားလို့ ရသလို နှုတ်ခမ်းမွေးနဲ့တွဲပြီး မေးရိုးလိုင်းတစ်လျှောက် မုတ်ဆိတ်အပြည့်ထားရတဲ့ Garibaldi ဒီဇိုင်းနဲ့လည်း စတိုင်ကျနိုင်ပါတယ်။
Garibaldi မုတ်ဆိတ်ဒီဇိုင်း ထားမယ်ဆိုရင် နှုတ်ခမ်းမွေးကို သပ်သပ်ရပ်ရပ်ပြုပြင်ထားသင့်ပြီး မုတ်ဆိတ်နေရာကို လွတ်လွတ်လပ်လပ် ရှည်အောင် ထားနိုင်ပါတယ်။ မဟုတ်ရင်လည်း နှုတ်ခမ်းမွေးအထူထားတဲ့ ရှေးခေတ်က Beardstache စတိုင်မျိုး နဲ့လည်း လိုက်ပါတယ်။
(၅) ရှည်မျောမျော စတုဂံပုံ မျက်နှာများ

Photo: apetogentleman
မျက်နှာရှည်တဲ့သူတွေဟာ မုတ်ဆိတ်အထူကြီးတွေနဲ့ အထာကျနိုင်ပါတယ်။ သိပ်အလုပ်ရှုပ်မခံချင်ရင် Stubblel အကပ်မုတ်ဆိတ်ဒီဇိုင်း ရွေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း Beardstache နှုတ်ခမ်းမွေးအထူဒီဇိုင်းမျိုး ထားသင့်ပါတယ်။
