အာရုံစူးစိုက်ခြင်းဆိုတာ တခြားမဟုတ်ပါဘူး။ မလိုအပ်တဲ့ အတားအဆီးတွေကို ကျော်ကြည့်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုပြောတာ လွယ်ပေမယ့် တကယ်တမ်းမှာ စိတ်ကို ကိုယ်လုပ်နေတဲ့အရာတွေအပေါ် တကယ်အာရုံနှစ်ထားဖို့ဆိုတာ ခက်ပါတယ်။ ဒါကြောင့် လွယ်သွားစေမယ့် နည်းလမ်းတချို့ ပြောပြပေးချင်ပါတယ်။

(၁) တိတ်ဆိတ်တဲ့နေရာ ရှာပါ

Photo: Freepik

အရင်ဆုံး စိတ်စုစည်းမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အသံဗလံနဲ့ အရုပ်/အလင်းတွေ သိပ်မရှိတဲ့နေရာကို ရွေးပါ။ ပြင်ပအာရုံတွေ အဝင်နည်းတာနဲ့အမျှ စိတ်စုစည်းရတာ ပိုပြီး လွယ်ကူစေပါလိမ့်မယ်။

(၂) အိပ်ရေးဝနေပါစေ

Photo: Freepik

လန်းဆန်းကြည်လင်နေတဲ့ ခေါင်းကပဲ ထိထိမိမိအာရုံစိုက်နိုင်မယ်ဆိုတာ သတိရပါ။ ဒီတော့ ညဘက်ကို အနည်းဆုံး ၇ နာရီပြည့်အောင် အိပ်ထားပါ။ စိတ်လက်ကြည်လင်နေချိန်မှာ တွေးသမျှအတွေးတွေဟာ ထိရောက်ပါတယ်။

(၃) လှုပ်ရှားမှုရှိပါ

Photo: Freepik

တကယ်လို့ အကြာကြီး ထိုင်အာရုံစိုက်နေတာတောင် ခေါင်းထဲမှာ ဘာမှ အာရုံစိုက်လို့မရဘူးဆိုရင် ဆက်မထိုင်ပါနဲ့။ ကော်ဖီလေး သွားဖျော်ပါ။ လမ်းလေးဘာလေး လျှောက်ပါ။ အသက်လေးဘာလေး ရှုဖို့ အချိန်ပေးပါ။ ဒါမှမဟုတ် Gym လေး ဘာလေး ကစားလိုက်ပါ။ ဝါသနာပါရင် ဂစ်တာလေး ဘာလေးတီးပါ။ အဓိကက စိတ်ကို ပြန်ပြီး Refresh လုပ်ဖို့ ဝါသနာပါတဲ့အရာတစ်ခုခု လုပ်ဖို့ပါပဲ။

(၄) အာရုံစိုက်နိုင်အောင် စားပါ

Photo: Freepik

ရေသောက်နည်းရင် အာရုံစိုက်ရခက်ပါတယ်။ ရေများများသောက်ကြည့်ပါ။ ခန္ဓာကိုယ်ဟာ ရေပမာဏ ၁.၅% လောက် ကျတာနဲ့ အာရုံစိုက်ရ မလွယ်တဲ့ပြဿနာရှိပါတယ်။ အစားအသောက်အနေနဲ့ အော်ဂဲနစ်သီးနှံတွေ စားပါ။ အိုမီဂါ- သရီးကြွယ်ဝတဲ့ အစားအစာတွေ စားပါ။ အခွံမာသီးနဲ့ အစေ့အဆံတွေလည်း မမေ့ပါနဲ့။ ‌