မနက်ခင်းစာကို ကြက်ဥပဲစားဖြစ်နေလား။ (သို့) ညစာကို တူညီတဲ့ဟင်းတွေပဲ နေ့တိုင်းစားဖြစ်နေလား။ ဒီလိုဆိုရင်တော့ စားသောက်မှုပုံစံပြောင်းလဲပစ်ဖို့ လိုအပ်နေပါပြီ။ တူညီတဲ့ အစားအစာတွေကို နေ့စဉ်ရက်ဆက်စားခြင်းက အဆင်ပြေသလိုရှိပေမယ့် တကယ်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနေပါတယ်။

အာဟာရချို့တဲ့ခြင်း

Source: The Leaf by Nutrisystem

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာ ပုံမှန်လည်ပတ်နိုင်ဖို့အတွက် မိုင်ခရိုအာဟာရတွေ အမျိုးမျိုးလိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို အမျိုးမျိုးသော အစားအစာတွေ ဟင်းသီးဟင်းရွတ်အစုံတွေကနေ ရရှိတာပါ။ တကယ်လို့ တစ်မျိုးတည်းသေား အသီး (သို့) အရွက်ကိုသာ စားသုံးပေးမယ်ဆိုရင် အာဟာရချို့တဲ့မှုဖြစ်စေနိုင်ပါတယ်။

အစာအိမ်ကျန်းမာရေး

Source: Medical News Today

အစာမျိုးစုံစားသုံးပေးခြင်းက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဗိုက်ထဲမှာ ပေါက်ဖွားလာဖို့အတွက် အကူအညီဖြစ်စေပါတယ်။ ဒီဘက်တီးရီးယားတွေက အစာခြေစနစ်အတွက် ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်မြှင့်တင်ပေးရာမှာလည်း အထောက်အကူဖြစ်ပါတယ်။

ဝိတ်ကျတာကို နှေးကွေးစေတယ်

Source: NBV-News

ဝိတ်ကျဖို့အတွက် ကြိုးစားနေသူတွေအနေနဲ့ တူညီတဲ့အစားအစာတွေကို နေ့တိုင်းမစားဖို့ အကြံပေးချင်ပါတယ်။ အကယ်၍ တူညီတဲ့အစားအစာတွေကိုပဲ နေ့စဉ်ရက်ဆက်စားနေမယ်ဆိုရင် ဝိတ်ကျဖို့အတွက် ခဲယဉ်းနေပါလိမ့်မယ်။

တစ်ချို့အာဟာရဓာတ်ကို အလွန်အကျွံ့စားသုံးမိခြင်း

Source: Better Health Channel

အစားအစာတစ်မျိုးတည်းကိုသာ ခဏခဏစားသုံးတာက အာဟာရဓာတ်တစ်မျိုးတည်းသာလွန်ကဲနေနိုင်ပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် နနွင်းအများကြီးစားသုံးမိသလိုပဲ အသည်းလုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီးဆိုးကျိုးရှိလာနိုင်ပါတယ်။

အစားအသောက်မမှန်ခြင်း ဖြစ်နိူင်ချေများတယ်

Source: The Irish Times

အစားအစာတစ်မျိုးတည်း နေ့စဉ်ရက်ဆက်စားနေမယ်ဆိုရင် အစားအစာချင်စိတ်မရှိဘဲ အစားရွေးတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီလိုအခြေအနေမှာဆိုရင် လူတစ်ယောက်က ဒီအစားအစာက ဘယ်လိုအရောင်ကြီး၊ အရသာက ဘယ်လိုကြီး၊ အနံ့က ဘယ်လိုဖြစ်တယ်တွေ ပြောပြီး အစားချေးများလာမှာဖြစ်ပါတယ်။