ဓာတ်ပုံရိုက်ကျွမ်းကျင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က ရိုးရှင်းတဲ့အရာတွေနဲ့ အလှဆုံးဓာတ်ပုံတွေ ဖန်တီးတတ်ဖို့လိုအပ်ပါတယ်။ ရိုက်ကူးပြီးမှ Photoshop တွေနဲ့ပြုပြင်တာကို ကျွမ်းကျင်တယ်လို့ မခေါ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့အရာတွေရဲ့အကူအညီကိုယူပြီးတော့ ဓာတ်ပုံတစ်ပုံကို အကောင်းဆုံးရိုက်ကူးလို့ရပါတယ်။  ဒီနေ့ကမ္ဘာတစ်ဝှမ်းက ပရိုကျကျဓာတ်ပုံရိုက်ချင်သူတွေအတွက် နည်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ရောင်ပြန်ဟပ်တဲ့ မျက်နှာပြင်ရချင်တယ်ဆိုရင် အခုလိုဖုန်းကို ကင်မရာရှေ့ထားပြီး ရိုက်ကူးလို့ရပါတယ်

အခုလို မှော်ဆန်တဲ့ဓာတ်ပုံဖန်တီးချင်တယ်ဆိုရင်တော့ လိုက်ကာကို အသုံးပြုလို့ရပါတယ်

မှုန်ဝါးဝါး ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် စက္ကူအပိုင်းအစတစ်ခုမှာ အပေါက်အသေးသေးလေးဖောက်ပြီး ကင်မရာမှန်ဘီလူးမှာ ဖုံးထားလိုက်ပါ။ ဒီနည်းကိုတော့ pinhole effect လို့ခေါ်ပါတယ်

နောက်ခံ background ကောင်းကောင်းလိုချင်ရင် နေရာတိုင်းမှာရှိပါတယ်။ မြင်တက်ဖို့ပဲလိုတာပါ

မိုးရွာထဲ ထီးတစ်ချောင်းအောက်မှာ ရိုဆန်ဆန်လေး ဓာတ်ပုံရိုက်ဖို့ဆိုရင် ထီးပေါ်ကို ရေလောင်းချပေးလိုက်ပါ

နီယွန်ဆေးကို လက်မှာမှုတ်ပြီး blacklight နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် သင့်လက်မှာ ကြယ်စုတန်းကို မြင်ရမှာပါ

ထူးခြားတဲ့ပုံရိုက်ကူးချင်တယ်ဆိုရင် အခုလိုသစ်ရွတ်ကို အသုံးပြုလို့လည်းရပါတယ်

ကင်မရာကို ခွေးလေးတွေ ကြည့်စေချင်ရင် ဖုန်းပေါ်မှာ အရုပ် (ဒါမှမဟုတ်) မုန့်ဖြစ်ဖြစ်ထားကြည့်ပါ

ဓာတ်ပုံကောင်းတစ်ပုံရဖို့အတွက် “Golden Hour” ဆို့တဲ့ အချိန်ကောင်းကို စောင့်ဖို့လည်းလိုအပ်ပါတယ်

မီးဖိုချောင်သုံးပစ္စည်းတွေကလည်း ဓာတ်ပုံရိုက်တဲ့နေရာမှာ အကူညီပေးနိုင်ပါတယ်

ဓာတ်ပုံမှာ မသိမသာမှုန်မှုန်ဝါးဝါးဖြစ်ချင်ရင် မီးခြစ်ကို အသုံးပြုပြီး ဓာတ်ပုံရိုက်ပါ

Source: Bright Side