ကစော်ကို အချဉ်ဖောက် ပေါင်းခံပြီး အရက်ချက်လုပ်တဲ့နည်းပညာဟာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အရက်လို့ ပြောလိုက်ရင် ဘီယာ ၊ ဝိုင်နဲ့ အပြင်းစား ဆိုပြီး သုံးမျိုးခွဲနိုင်ပါတယ်။ Liquor ကလည်း အရက်ထဲမှာ ပါပါတယ်။ အရက်ဟာ “မမှီဝဲနဲ့ ကင်းအောင်နေ” စာရင်းမှာ ပါရှိပါတယ်။

အရက်သောက်ဖြစ်တယ်ဆိုရင်လည်း ကျန်းမာရေး ၊ လူမှုရေးနဲ့ ကြီးပွားရေးကို ရှေးရှုပြီး တတ်နိုင်သမျှ သတိနဲ့ယှဉ်ပြီး လျှော့သောက်ဖို့ အကြံပြုချင်ပါတယ်။ အပြင်းစား Liquor တွေအကြောင်းပြောမယ်ဆိုရင် ပါဝင်ပစ္စည်း ၊ ထုတ်လုပ်ပုံနဲ့ မတူကွဲပြားမှုတွေအရ အမျိုးအစား ၆ မျိုး ခွဲထားလို့ရပါတယ်။

(၁) ဝီစကီ

Photo: britannica

စကော့ ၊ ဘော်ဘွန်း နဲ့ ဝီစကီအားလုံးကို Whisky တွေလို့ပဲ ခေါ်ပါတယ်။ Bourbon က အမေရိကန်ထုတ်ဖြစ်ပြီး Scotch နဲ့ Whisky တွေက စကော့တလန်က ထုတ်ပါတယ်။ Whisky အမျိုးအစားတွေ အများကြီး ကွဲပေမယ့် အယ်လိုဟောလ်ပါဝင်မှုက ၄၀ ကနေ ၅၀% ကြား ပုံသေရှိကြပါတယ်။

(၂) ဘရန်ဒီ

Photo: Telegraph

ဘရန်ဒီကတော့ ကောက်ပဲသီးနှံတွေကနေ ထုတ်တာမဟုတ်ဘဲ သစ်သီးတွေကို အချဉ်ဖောက်တာ ဖြစ်ပါတယ်။ ဘရန်ဒီမှာ ပါတဲ့ အသီးတွေကတော့ ပန်းသီး ၊ စပျစ်သီး ၊ ချယ်ရီ ၊ မက်မုံနဲ့ တရုတ်ဇီးသီးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ ဘရန်ဒီက ဝိုင်နဲ့ အရသာ ဆင်ပါတယ်။ အယ်လ်ကိုဟောပါဝင်နှုန်းက ဝိုင်ထက်မြင့်ပါတယ်။ ၃၅ နဲ့ ၆၀% အကြား ဖြစ်ပါတယ်။

(၃) ဗော့ကာ

Photo: Luxe Digital

ဗော့ကာက ဘရန်ဒီလို အရောင်မပါဘဲ ကြည်ပါတယ်။ ဗော့ကာကို ပုံစံမျိုးစုံနဲ့ ရောစပ်သောက်သုံးကြပါတယ်။ ဗော့ကာမှာ အယ်လ်ကိုဟော ၄၀ ကနေ ၅၀% ပါဝင်ပါတယ်။

(၄) ရမ်

Photo: todayifoundout

ရမ်ကိုလည်း Light ၊ Dark ၊ Amber ၊ Spiced ၊ Over-Proof ၊ flavored ဆိုပြီး ပုံစံမျိုးစုံနဲ့ လာပါတယ်။ ရမ်သိုလှောင်ထားတဲ့ သက်တမ်းပေါ် လိုက်ပြီးအမျိုးအစားတွေ ကွဲတာပါ။ Dark Rum ဆို ဝက်သစ်ချစည်နဲ့ လှောင်ထားတာပါ။ ပုံမှန်ဆို အယ်လိုဟောပါဝင်မှု ၄၀% ပဲ ရှိပေမယ့် Over-Proofed အရောတွေမှာ အယ်လ်ကိုဟောက ၇၅% အထိ ပါတတ်ပါတယ်။

(၅) ဂျင်

Photo: thespruceeats

ဘာလီ ၊ ဂျုံ ၊ ပြောင်းတို့ကနေ ထုတ်ပါတယ်။ ဗော့ကာလို အရောင်ကြည်ပါတယ်။ အနံ့အရသာကောင်းအောင် ရောစပ်သောက်သုံးကြပါတယ်။ အယ်လ်ကိုဟော ပါဝင်မှု ၄၀ ကနေ ၄၇% ကြားရှိတတ်ပါတယ်။

(၆) တက်ကီလာ

Photo: thespruceeats

တက်ကီလာဟာ နာနတ်မျိုးနွယ်ဝင် Agave ဆိုတဲ့ အပင်က ထုတ်ပါတယ်။ အမေရိကန်တောင်ပိုင်းနဲ့ မက္ကဆီကိုဘက်တွေမှာ ပေါက်တတ်တဲ့ အပင်မျိုးပါ။ သူကတော့ ပျမ်းမျှ အယ်လ်ကိုဟောပါဝင်နှုန်း ၅၅% လို့ ဆိုပါတယ်။