ကမ္ဘာ့အ​ကောင်းဆုံး​ဘောလုံးသမားဆုကို ဘေယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒိုစကီး ဆွတ်ခူး

Source: Bundesliga

ဖီဖာ (FIFA) က ချီးမြှင့်​တဲ့ (၂၀၂၀) ခုနှစ်အတွက် ကမ္ဘာ့အ​ကောင်းဆုံး​ဘောလုံးသမားဆု ကို ဘေယန်မြူးနစ် တိုက်စစ်မှူး

ရောဘတ်လီဝမ်ဒိုစကီးကဆွတ်ခူး ရရှိသွားပါတယ်။ ဒီဆုကို ​မက်ဆီနဲ့ ​ရော်နယ်ဒိုတို့ကို​ကျော်ဖြတ် ပြီးရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

အ​ကောင်းဆုံးနည်းပြဆုအတွက် နှစ် (၃၀) အတွင်းပထမဆုံးအကြိမ် လီဗာပူးကို ပရီးမီးယာလိဂ်ရရှိ​အောင် စွမ်း​ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဂျာဂင်က​လော့ က ရရှိခဲ့ပါတယ်။

အ​လှဆုံး သွင်းဂိုးဆုကို စပါးတိုက်စစ်မှူးဆွန်​ယောင်မင်က ဘန်​လေနှင့်ပွဲတွင်စပါးဂိုးဧရိယာထိပ်မှ ပြိုင်ဘက်ကစားသမားများကို​ တစ်ကိုယ်​တော် အစွမ်းဖြင့် ကျော်ဖြတ်သွင်းခဲ့​သောဂိုးဖြင့် ရရှိသွားခဲ့ပါတယ်။

အ​ကောင်းဆုံးဂိုးသမားဆုကို ဘိုင်ယန် ဂိုးသမား နူအာက  လီဗာပူးဂိုးသမား အလက်ဆန်ဘက်ကာ နှင့် အက်သလက်တီကိုမက်ဒရစ်ဂိုးသမား အိုဘလက်တို့ကို ​ကျော်ဖြတ်ရရှိခဲ့ပါတယ်။

ဝိန်းရွန်နီရဲ့ သားအကြီးဆုံးဖြစ်သူ မန်ယူအသင်းနဲ့စာချုပ်ချုပ်ဆို

Source: INdia TV News

သရဲနီတွေရဲ့တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီရဲ့ သားအကြီးဆုံးဖြစ်သူ ကိုင်ရွန်နီ (၁၁ နှစ်) ဟာ မန်ချက်စတာယူနိုက်တက် အသင်းနှင့် စာချုပ်ချုပ်ဆိုတယ်လို့သိရပါတယ်။

မိဘနှစ်ပါးနှင့်အတူ ကိုင် စာချုပ်လက်မှတ်ရေး ထိုးနေသည့်ပုံကို မန်ချက်စတာယူနိုက်တက် ဂိုးသွင်းစံချိန်ရှင် ဝိန်းရွန်နီက သူရဲ့လူမှု့ကွန်ရက်မှာ တင်ထားပါတယ်။

စီရော်နယ်ဒို ကမ္ဘာ့အ​ကောင်းဆုံး​ဘောလုံးသမားဆုအတွက် ဘယ်သူတွေကိုမဲပေးခဲ့သလဲ

Source: Onze Mondial

၁. လီဝန်ဒေါစကီး
၂. မက်ဆီ
၃. ဘာပေး

စီရော်နယ်ဒိုရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလှပါတယ်။

ကာဗာနီ (၃) ပွဲပယ်ခံရနိုင်တဲ့ အခြေအနေမှာရှိနေ

Source: Yahoo Finance

လူမှု့ကွန်ရက်အင်စတာဂရမ်ပေါ်မှာ လူမျိုးရေးခွဲခြားတဲ့ စကားလုံး သုံးစွဲခဲ့သော မန်ယူတိုက်စစ်မှူး ကာဗာနီကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် က ဇန်နဝါရီ (၄) ရက်မတိုင်ခင် ဖြေရှင်းချက်ပေးဖို့တောင်းဆိုထားတယ်လို့သိရပါတယ်။

တကယ်လို့အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါက ကာဗာနီဟာ (၃) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေကြောင်းလည်း သတင်းတွေကဖော်ပြနေကြပါတယ်။

AFC CHAMPION LEAGUE 2021 ပြိုင်ပွဲမှ အာဆီယံအသင်းများအခြေအနေ

Source: ASEAN FOOTBALL

AFC CHAMPION LEAGUE 2021 ပြိုင်ပွဲမှာ အာဆီယံဒေသအတွင်းမှ အသင်း (၆) ကတော့ အုပ်စုအဆင့်ကနေ ယှဉ်ပြိုင်ခွင့်ရရှိထားပါတယ်။ ဒီလေးသင်းကတော့ BG Pathum United  (ထိုင်း) ၊ Port  (ထိုင်း) ၊ United City  (ဖိလစ်ပိုင်) ၊ Johor Darul Ta’zim (မလေးရှား) ၊Tampines Rovers  (စင်ကာပူ) နဲ့ Viettel FC  (ဗီယက်နမ်) တို့ပဲဖြစ်ပါတယ်။

Ratchaburi Mitr Phol  (ထိုင်း) ၊ Chiangrai United  (ထိုင်း) ၊Kaya–Iloilo  (ဖိလစ်ပိုင်) Shan United  (မြန်မာ) တို့ကတော့ ခြေစစ်ပွဲ ကစားရမှာပါ။