Work From Home လုပ်နေရသူတွေဟာ ကြာလာတာနဲ့အမျှ အစားအသောက်ပုံစံ မှားယွင်းလာပြီး ဝိတ်တွေတက် ၊ ကိုယ်လုံးကိုယ်ပေါက်တွေ အရင်လို မလှတာမျိုး ဖြစ်လာတတ်ပါတယ်။ အိမ်တွင်း အောင်းရတာ ကြာလာပြီ ဖြစ်လို့ လှုပ်ရှားမှုနည်းပြီး အဆီတက်လာဖို့ အလားအလာများပါတယ်။

ဒါကြောင့် အိမ်မှာ အလုပ်လုပ်နေရသူတွေအတွက် ကိုယ်လက်လှုပ်ရှားမှုနဲ့ Diet မှန်ကန်ဖို့ အရေးကြီးပါတယ်။ ဒီတော့ WFH သမားတွေ ဝိတ်မတက်အောင်နဲ့ Overeating မဖြစ်အောင် အခုပြောမယ့်နည်းလမ်းလေးတွေ လိုက်နာသင့်ပါတယ်။

(၁) Eating Schedule တစ်ခု ဖန်တီးပါ

Photo: medicalnewstoday

အရေးကြီးတာ စားသောက်ချိန် မျှတမှန်ကန်ဖို့ပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အမျှဓါတ်များတဲ့ သဘာဝအသီးအနှံတွေ စားပေးဖို့လုပ်ပါ။ မနက်စာကို များများစား ၊ ညစာကို လျှော့စားပါ။ အကောင်းဆုံးက ညစာနဲ့ နေ့လည်စာအကြားမှာ အနည်းဆုံး ၃ နာရီခြား စားပါ။ အလုပ်လုပ်နေတုန်း မစားပါနဲ့။

(၂) ကောက်ပဲသီးနှံတွေ ဦးစားပေးစားပါ

Photo: vendavo

သဘာဝအဟာရနဲ့ အမျှင်ဓါတ်တွေဟာ ကိုယ်တွင်းအဆီဓါတ်ကို လျှော့ချနိုင်ပါတယ်။ တာရှည်ခံ ပြုပြင်စီမံထားတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ လိုတာထက် တာရှည်ခံပြုပြင်ထားတဲ့ အစားအသောက်တွေဟာ တနေ့ကို ကယ်လိုရီ ၅၀၀ အထိ ပိုလျှံစေပြီး ဆက်တိုက် ဝိတ်တက်စေပါတယ်။ လတ်ဆတ်တဲ့ သဘာဝအသီးအနှံတွေ ၊ ကောက်ပဲသီးနှံ ၊ ပဲအမျိုးမျိုး ၊ ငါးနဲ့ အစေ့အဆံတွေ စားပေးပါ။

(၃) စိတ်ဖိစီးမှုကို ကိုင်တွယ်ပါ

Photo: 24Life

စိတ်ဖိစီးမှု မြင့်မားခြင်းဟာ ဝိတ်တက်စေပြီး စွမ်းးအင်ကုန်ဆုံးစေသလို အိပ်စက်မှုလည်း ထိခိုက်စေပါတယ်။ ကိုယ်ခံအားစနစ် အားနည်းစေပြီး ကျန်းမာရေးပါ ထိခိုက်စေနိုင်ပါတယ်။ ယောဂကစားတာ ၊ သီချင်းနားထောင်တာ ၊ စာဖတ်တာ ၊ ဝါသနာပါတဲ့ အလုပ်တွေ လုပ်တာ နဲ့ ဟာသရုပ်ရှင်တွေ ကြည့်တာမျိုး လုပ်နိုင်ပါတယ်။