ကမ္ဘာပေါ်က နိုင်ငံတော်တော်များများရဲ့ မြေပုံပေါ်မှာရှိတဲ့ ပုံသဏ္ဍန်တွေဟာ ကျပန်းပုံစံတွေဖြစ်ပေမယ့် အချို့မြေပုံသဏ္ဍန်တွေကတော့ စိတ်ဝင်စားစရာကောင်းတာတွေ့ရပါတယ်။ တခါတရံ ကမ္ဘာ့မြေပုံကိုကြည့်ပြီး တချို့နိုင်ငံတွေရဲ့မြေပုံသဏ္ဍန်က အရာဝတ္ထုပစ္စည်း (သို့) တိရိစ္ဆာန်လေးတွေနဲ့ တူနေတာကိုတွေ့ကြမှာပါ။ အခုပြောပြပေးမှာကလည်း ထူးထူးခြားခြားမြေပုံ ပုံသဏ္ဍန်လေးတွေရှိတဲ့ ကမ္ဘာပေါ်ကနိုင်ငံတွေအကြောင်း ပဲဖြစ်ပါတယ်။
(၁) ဂျပန်

ဂျပန်နိုင်ငံနိုင်ငံရဲ့မြေပုံကိုကြည့်ရင် ရေနဂါးလေးတစ်ကောင်ရေကူးနေတဲ့ ပုံလို့ထင်ရပါတယ်။ ပုံသဏ္ဍန်ပိုထင်ရှားအောင်ဆိုရင် ရုရှားကျွန်းဆွယ်အနည်းငယ်ကို ထည့်တွက်ရမယ်ဆိုပေမယ့် ဒီပုံအတိုင်းကို အတော်လေးတူနေတာကိုတွေ့ရမှာပါ။
(၂) တောင်အာဖရိက

တောင်အာဖရိကနိုင်ငံရဲ့မြေပုံကတော့ ထူးထူးခြားခြားကြံ့တစ်ကောင်နဲ့တူနေပါတယ်။ ဒါ့ပြင် ကမ္ဘာပေါ်ကလက်ကျန်ကြံ့မျိုးစိတ်တွေ နေထိုင်ရာဒေသကတောင်အာဖရိကဖြစ်နေတာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရမှာပါ။ တောင်အာဖရိကကြံ့တွေရဲ့ဦးခေါင်းမှာ ဦးချို၂ခုရှိပြီး အာရှကြံ့တွေမှာတော့ ဦးချိုတစ်ခုပဲပါရှိပါတယ်။
(၃) ဆီနီဂေါ

ကြည့်လိုက်ရင် အနည်းငယ်ရယ်စရာကောင်းတာကတော့ ဆီနီဂေါနိုင်ငံရဲ့မြေပုံကတော့ သွားဆေးခန်းက ကျန်းမာရေးပိုစတာပေါ်က ပုံနဲ့တူနေတာပါ။ တကယ်တော့မြေပုံရဲ့ဟနေတဲ့နေရာက စီးဆင်းနေတဲ့မြစ်တခုဖြစ်ပြီး လူရဲ့သွားတွေလိုစီထည့်လိုက်တာက ရုတ်တရတ်ကြည့်ရင်လန့်သွားနိုင်ပါတယ်နော်။
(၄) ကျူးဘား

ကျူးဘားနိုင်ငံရဲ့ပုံသဏ္ဍန်ကတော့ ရေကူးသမားတစ်ယောက်ရဲ့လက်နဲ့တူပါတယ်။ ရေကူးသမားရဲ့ခေါင်းနဲ့ကိုယ်ထည်က ရေအောက်ရောက်နေပြီး သင်မြင်ရတာက ရေမှာပေါ်နေတဲ့လက်တစ်ဖက်ပုံပါ။ ကျူးဘားနိုင်ငံရဲ့သဘာဝတည်နေရာက ရေပတ်လည်ဝန်းရံနေတဲ့မြေပေါ်မှာတည်ရှိတာဖြစ်ပါတယ်။
(၅) ယူကေ

ဗြိတိန်နိုင်ငံရဲ့မြေပုံကတော့မြင်တွေ့ရတဲ့အတိုင်း နှာခေါင်းကမီးခိုးမှုတ်ထုတ်နေတဲ့ နဂါးတစ်ကောင်နဲ့တူတယ်လို့ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်က အင်္ဂလန်နဲ့ဝေလနယ်အပြန်အလှန်တိုက်ခိုက်နေတဲ့အချိန်တုန်းက ၂နိုင်ငံလုံးကိုနဂါး၂ကောင်တိုက်ခိုက်တဲ့ပုံအဖြစ်ဖော်ပြခဲ့တယ်လို့ဆိုပါတယ်။ ဝေလနယ်က နဂါးနီဖြစ်ပြီး အင်္ဂလန်ဘက်ကအဖြူရောင်နဂါးဖြစ်ပါတယ်။
