ရေကူးခြင်းက အားလပ်ချိန်တွေမှာပြုလုပ်သင့်တဲ့ သာမာန်ထက်ပိုတဲ့အားကစားတစ်ခုအနေနဲ့ သာမက ဘဝအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတစ်ခုလဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး သူတစ်ယောက်အနေနဲ့ ရေကူးခြင်းကိုလေ့လာသင့်တဲ့ အကြောင်းပြချက်များစွာရှိပါတယ်။ သင့်အနေနဲ့ ရေကိုကြောက်တဲ့အတွက် စိတ်လှုပ်ရှားစရာသင်ယူမှုတစ်ခုကို လက်မလွှတ်လိုက်သင့်ပါဘူး။ ဒါဆို ဘာကြောင့် သင်ရေကူးတတ်သင့်လဲဆိုတဲ့ အကြောင်းပြချက်တွေကို အခုပဲပြောပြပေးပါမယ်။

(၁) ဘေးကင်းလုံခြုံမှုအတွက်လိုအပ်တယ်


Source : Healthline

National Safe Kids Campaign ရဲ့အဆိုအရ ရေနစ်သေဆုံးမှုဟာ အသက် ၁၄ နှစ်နဲ့ ၁၄ နှစ်အောက်ကလေးတွေမှာ ဒုတိယအများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ သင်ကလေးရဲ့ အနီးအနားဝန်းကျင်မှာမဆို ရေရှိနိုင်တဲ့အတွက် ဘေးကင်းမှုရှိဖို့ ကလေးတွေ အားလုံးငယ်ရွယ်စဉ်မှာပဲရေကူးတတ်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အားကစားနဲ့ပတ်သတ်လို့စိတ်ဝင်စားတဲ့သူတွေအတွက်လဲ ရေကူးခြင်းကနေ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရစေနိုင်ပါတယ်။

(၂) သက်လုံကောင်းစေတယ်

Source: Experience Life

တကယ်တော့ရေကူးခြင်းက ရေထဲမှာပြုလုပ်ရတဲ့ အားကစားတစ်မျိုးဖြစ်ပါတယ်။ ရေကူးတဲ့အခါ သင့်ခန္ဓာကိုယ်ကရေထဲမှာ ၉၀%ထိရှိနေတဲ့အတွက် မြေပြင်ပေါ်ကသင့်ရဲ့ ကိုယ်အလေးချိန်တူမှာ မဟုတ်တော့ပါဘူး။ ရေကူးခြင်းဖြင့် လူတစ်ယောက်ရဲ့သက်လုံနဲ့ ကျန်းမာရေးအတွက်ကောင်းစေပြီး ဘယ်အသက်အရွယ်အတွက် မဆိုသင့်တော်တဲ့ အားကစားနည်းလည်း ဖြစ်ပါတယ်။

(၃) နာကျင်မှုကိုလျှော့ချပေးတယ်

Source : Sport Aberdeen

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်လှုပ်ရှားတဲ့အခါရတဲ့ နာကျင်မှုကိုရှောင်ရှားရတဲ့လေ့ကျင့်ခန်းပုံစံ အမျိုးမျိုး ရှိတတ်ပါတယ်။ ရေက ခန္ဓာကိုယ်လှုပ်ရှားမှုကြောင့်ဖြစ်တတ်တဲ့နာကျင်မှုတွေကို လျော့နည်းစေတဲ့သဘာဝဒြပ်စင်တမျိုးဖြစ်ပါတယ်။ ရေကူးတဲ့အခါ တင်းမာနေတဲ့ကြွက်သားတွေကိုပြေလျော့စေပြီး အဆစ်တွေရွေ့လျားတဲ့အခါဖြစ်တတ်တဲ့ နာကျင်မှုတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

(၄) ဗဟုသုတကိုတိုးပွားစေတယ်

Source : HoneyDoze

ဘဝမှာသင်ယူလေ့လာမှုအသစ်တစ်ခုကိုလုပ်တာက ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးစေရုံသာမက တခြားသူတွေကိုလည်း ကူညီနိုင်ပါတယ်။ ရေကူးတတ်အောင်သင်ယူတာက သင့်ရဲ့စွမ်းရည်ကိုမြှင့်တင်ရန်နဲ့ သင့်ကိုပျော်ရွှင်စေမယ့် နည်းလမ်းတစ်ခုပါ။ ဒါ့အပြင် သူငယ်ချင်း၊ မိသားစုများနဲ့ အတူတူပျော်စရာအချိန်တွေဖန်တီးဖို့နည်းလမ်းလည်း ဖြစ်ပါတယ်။ ရာသီဥတုပူလာတဲ့အခါ ရေကူးရင်းအပန်းဖြေအနားယူလို့ရသလို ရေလွှာလျှောစီးတာတွေ၊ ရေလှိုင်းစီးတာတွေလို စိတ်လှုပ်ရှားစရာစိန်ခေါ်မှုတွေကိုလည်း လုပ်လို့ရပါတယ်။