လူကို သူ့ရဲ့ ဘဝနေမှုပုံစံက ဆုံးဖြတ်ပေးပါတယ်။ လူနေမှုပုံစံကောင်းတစ်ခုဟာ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင် ပုံဖော်ပေးနိုင်ပါတယ်။ ကျန်းမာပြီး တက်ကြွရွှင်လန်းတဲ့ Lifestyle တစ်ခု ဖြစ်လာဖို့ ဘယ်လိုအချက်လေးတွေ လုပ်ပေးသင့်သလဲ။
(၁) ကော်ဖီထက် သစ်သီးဖျော်ရည်သောက်ပါ

Photo: Freepik
ဟုတ်ပါတယ်။ ကော်ဖီဟာ ကောင်းတဲ့အကွက်တွေ ရှိသလို ကျန်းမာရေးကို ထိခိုက်အားနည်းစေမယ့် အချက်တွေလည်း ရှိပါတယ်။ကော်ဖီသောက်ခြင်းဟာ နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်းနဲ့ အိပ်စက်မှုပုံစံထိခိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ သဘာဝသစ်သီးဖျော်ရည်တွေနဲ့ အစားထိုးပေးခြင်းအားဖြင့် အာဟာရဓါတ် ပိုကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။
အရေးကြီးတာက အစားအသောက်ဟာ ခန္ဓာကိုယ် ကျန်းမာခြင်းနဲ့ နာဖျားဆင်းရဲခြင်းရဲ့ အဓိကလက်သည်တွေထဲမှာ ပါတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ သဘာဝအသီးအနှံနဲ့ စားသောက်မှုပုံစံ ကျင့်သုံးနေထိုင်ဖို့ ဖြစ်ပါတယ်။
(၂) လက်နဲ့စာပိုရေးပါ

Photo: Freepik
Typing ထက် Writing ကို ပိုအလေ့အကျင့်လုပ်ပါ။ လက်နဲ့ ရေးချခြင်းဟာ စိတ်ကိုပိုစုစည်းမိစေသလို ရေးသမျှ စာတိုင်းအပေါ်မှာ ပိုပြီး အလေးအနက် ရှိလာနိုင်ပါတယ်။ အခုခေတ်မှာ ဒိုင်ယာရီကို လက်နဲ့ချရေးတာမျိုး ၊ စာတစ်အုပ်ကို လက်ရေးနဲ့ရေးမှတ်တာမျိုး လုပ်တဲ့သူ နည်းလာပါပြီ။ စာကို လက်နဲ့ ချရေးခြင်းဟာ ဖန်တီးမှုနဲ့ စိတ်ကွန့်မြူးမှုကို ပိုထက်သန်စေပါတယ်။
(၃) အပင်စိုက်ပါ

Photo: Freepik
သစ်ပင်ပန်းပင်ကို ချစ်တတ်ခြင်းဟာ ထူးကဲတဲ့ လူသားသဘာဝဖြစ်ပါတယ်။ အပင်စိုက်ခြင်းဟာ ရေရှည်စိတ်ကြည်နူးကျေနပ်မှုကိုပါ ပေးစွမ်းနိုင်တဲ့ အကျင့်တစ်မျိုး ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း သစ်ပင်လေးတွေ စိုက်ပျိူးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သလို ကိုယ်ကိုယ်တိုင်လည်း စိတ်ပိုချမ်းသာရာရပါတယ်။
(၄) လမ်းများများလျှောက်ပါ

Photo: Freepik
ကားစီးစရာမလိုတဲ့ နေရာတစ်ခုကို လမ်းလျှောက်ပြီးသွားပါ။ မလိုအပ်ဘဲ ဆိုင်ကယ် ၊ ကားနဲ့ စက်တပ်ယာဉ်တွေ စီးနင်းသုံးစွဲမှု ရှောင်ရှားပါ။ ဒါဟာ ကျန်းမာစေတဲ့ အလေ့တစ်ခုဖြစ်သလို ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း တတ်စွမ်းသမျှ တားဆီးပြီး ဖြစ်စေပါတယ်။
(၅) ရယ်မောပျော်ရွှင် နေတတ်ပါစေ

Photo: Freepik
အခက်အခဲအကြပ်အတည်းနဲ့ပဲ ကြုံချိန်မှာ ဟာသဉာဏ်ဟာ တခဏတာ လွတ်မြောက်သွားစေတယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒီလို ခက်ခဲနေချိန်မှာတောင် ဟာသဉာဏ်က အရေးပါတယ်ဆိုရင် သာမန်အချိန်တွေမှာ ဟာသဉာဏ်နဲ့ ပျော်ရွှင်ကျေနပ်တတ်ဖို့ဆိုတာ အသက်ဓါတ်လို အရေးပါတယ်ဆိုတာ နားလည်နိုင်ပါတယ်။
