ကျန်းမာရေးနဲ့ အညီ စားသောက်တာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေက ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ဝိတ်ချဖို့ကြိုးစားနေသူတွေအတွက် လေ့ကျင့်ခန်းလုပ်ဖို့နဲ့ ကျန်းမာတဲ့ diet ရှိနေဖို့က ပိုပြီးအရေးကြီးပါတယ်။ အချိန်မရှိလို့ gym မသွားနိုင်သူတွေအတွက် ဝိတ်မတက်အောင် ထိန်းထားပေးနိုင်တဲ့ တခြား ကိုယ်လက်လှုပ်ရှားမှုတွေ အများကြီးရှိပါသေးတယ်။

ရိုးရိုးလှေကားကို အသုံးပြုပြီး အတက်အဆင်းပြုလုပ်တာကလည်း ကိုယ်လက်လှုပ်ရှားမှုထဲမှာပါဝင်ပါတယ်။ ရိုးရိုးလှေကားကို အသုံးပြုခြင်းက ဝိတ်မတက်အောင် ထိန်းပေးရုံသာမက အခြားကျန်းမာရေးတွေအတွက်လည်း အများကြီးအထောက်အကူပြုပါတယ်။

နှလုံးအတွက် ကောင်းတယ်

Source: DMCI Homes Communities

ရိုးရိုးလှေကားအသုံးပြုခြင်းက နှလုံးကြွက်သားအတွက် ကောင်းမွန်စေပါတယ်။ နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေကို လျော့ချပေးနိုင်သလို သွေးဖိအားများတာနဲ့ ဆီးချိုရောဂါကိုလည်း ထိန်းညှိပေးပါတယ်။

ဝိတ်ကျစေတယ်

Source: Philadelphia Magazine

လှေကားကို လေ့ကျင့်ခန်းလုပ်သလိုမျိုး မကြာခဏ အတက်အဆင်းပြုလုပ်မယ်ဆိုပါက ဝိတ်ကျဖို့အတွက် အကူအညီပေးပါတယ်။

ကိုယ်လက်လှုပ်ရှားမှု

Source: RunSociety

လှေကားအသုံးပြုခြင်းက ကိုယ်လက်လှုပ်ရှား လုပ်နေသလိုပါပဲ။ ရုံးမရောက်ခင် တစ်မှတ်တိုင်အလိုမှာ ဘက်စ်ကားပေါ်က ဆင်းပြီး လမ်းလျှောက်တာ တွေက ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်မျိုးပါပဲ။

သေဆုံးနိုင်ခြေနည်းခြင်း

Source: Times of INdia

နေ့တိုင်း လှေကားထစ်တက်တာက စောစောသေဆုံးနိုင်ခြေကို လျော့နည်းစေပါတယ်။ နေ့တိုင်း လှေကားနဲ့ (၇) မိနစ်တက်ရုံနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။

အဆုတ်ကျန်းမာရေး

Source: Greatist

လှေကားနဲ့တက်တာကလည်း အဆုတ်အတွက် ကောင်းမွန်ပါတယ်။ လှေကားနဲ့တက်တာက နှလုံးအတွက် အလုပ်ဖြစ်ရုံသာမက အဆုတ်အတွက်လည်း အကျိုးသက်ရောက်မှုရှိပါတယ်။ အဆုတ်စွမ်းဆောင်နိုင်အား တိုးလာအောင် ကူညီပေးနိုင်ပါတယ်။