အန္တာတိကတိုက်ဟာ ထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ တိုက်တစ်တိုက်ဖြစ်တယ်ဆိုတာ လူတော်တော်များများလက်ခံထားကြတယ်။ ဒီတိုက်ကြီးက နောက်ဆုံးမှရှာဖွေတွေ့ရှိခဲ့ကြသလို လူတွေအခြေချနေထိုင်ခြင်းလည်းမရှိပါဘူး။ သမိုင်းအထောက်အထားနဲ့ လေ့လာသူတွေရ ပြောကြားချက်အရ ဒီတိုက်ကြီးထဲမှာ လူတွေကိုအံ့ဩသင့်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိနေပါတယ်။ ဒီနေ့ kwee page က အန္တာတိကတိုက်နဲ့ပတ်သက်ပြီး လူတွေမသိသေးတဲ့ ထူးခြားသောအချက်လေးတွေကို မျှဝေပေးသွားမှာပါ။
အန္တာတိကတိုက်မှာ လူတွေအတည်တကျအခြေချနေထိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အဲ့ဒီနေရာကို အကြောင်းအမျိုးမျိုးကြောင့် လာရောက်တဲ့လူတွေတော့ အနည်းနဲ့အများရှိကြပါတယ်။ သိပ္ပံပညာရှင်တွေ၊ ဝေလငါးဖမ်းသူတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေလည်း လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ ယနေ့ခေတ်မှာတော့ အန္တာတိကတိုက် အခြေစိုက်စခန်းတွေမှာ အလုပ်လာလုပ်တဲ့လူတွေတောင်ရှိနေပါပြီ။

တစ်ချို့လူတွေက သုတေသနအတွက် တစ်နှစ်ပတ်လုံးအခြေချနေထိုင်ကြပြီး တစ်ချို့တွေကတော့ နွေရာသီတွင်သာ လာရောကနေထိုင်ကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်ထောင်ပေါင်းများစွာကလည်း နှစ်တိုင်းလိုလို တောင်ဘက်ပိုင်းကို သွားရောက်လည်ပတ်လျက်ရှိနေကြပါပြီ။ တောင်ပိုင်းကို သွားတဲ့သူများများလာလေလေ အဲဒီဒေသမှာ လူတွေက အံ့အားသင့်စရာအမှတ်အသား ချန်ထားခဲ့ကြပါတယ်။
အန္တာတိကတိုက်မှာ ချီလီနဲ့အာဂျင်တီးနား နိုင်ငံတို့က မြို့ငယ်လေးတစ်ခုစီရှိကြတယ်။ အဲ့ဒီမြို့တွေကတော့ Villa Las Estrellas နဲ့ Esperanza Base တို့ပဲဖြစ်ပါတယ်။

နိုင်ငံတော်တော်များများကလည်း အန္တာတိကတိုက်မှာ လေဆိပ်တွေရှိကြပါတယ်။ တချို့က လေယာဉ်လမ်းကြောင်းအတွက် ရေခဲနဲ့ နှင်းတွေကို အသုံးပြုကြပါတယ်။

New Year တိုင်းမှာ Icestock လို့ခေါ်တဲ့ ဖျော်ဖြေတင်ဆက်ပွဲရှိပါတယ်။ အဲ့ဒီပွဲကို McMurdo Station မှာကျင်းပလေ့ရှိပါတယ်။

(၂၀၁၃) ခုနှစ်ဖျော်ဖြေပွဲပြီးနောက်ပိုင်း Metallica လို့ခေါ်တဲ့ ဘမ်အဖွဲ့ဟာ တိုက်ကြီး (၇) တိုက်စလုံးမှာ ဖျော်ဖြေနိုင်ခဲ့တဲ့ ပထမဆုံး ဘမ်အဖွဲ့ဖြစ်လာခဲ့ပါတယ်။

McMurodo Station က ၁၉၆၁ ကတည်းက ကိုယ်ပိုင်ဘိုးလင်းကစားရုံ ထားရှိပါတယ်။

ဒီလို ကြီးမားတဲ့ ကားတွေက လူတွေကို လည်ပတ်သွားလို့ရအောင် ကူညီပေးပါတယ်။

အခြေစိုက်စခန်းမှာ Costume parties ကနာမည်ကြီးပါတယ်။ အားလပ်ရက်နေ့တွေမှာ ကျင်းပလေ့ရှိကြတယ်။

အာကစားသမားတွေက အအေးထဲမှာ Antarctic Ice Marathon and 100K Ultra Race ဆိုတဲ့ မာရသွန်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပကြပါတယ်။

အန္တာတိကရေထဲမှာ လူတွေရေကူးကြတဲ့ Polar Plunge ဆိုတဲ့ ပွဲလေးရှိခဲ့ဖူးပါတယ်။

လူတွေက အန္တာတိကမှာ ဝေလငါးတွေကို ကြည့်လို့လည်းရပါတယ်။

သုတေသနပညာရှင်တွေက အန္တာတိကရေတွေကို လေ့လာဖို့အတွက် မကြာခဏ ရေငုပ်ကြသလို ခရီးသွားဧည့်သည်တွေကလည်း ရေငုပ်ဖို့လာကြပါတယ်။

၂၀၁၂ခုနှစ်ရဲ့ South of Sanity ဇာတ်ကားက အန္တာတိကမှာ တစ်ကားလုံးရိုက်ကူးခဲ့တဲ့ ပထမဆုံးစိတ်ကူးယဉ်ဇာတ်ကားဖြစ်ခဲ့ပါတယ်။

အန္တာတိက ဥက္ကာခဲတွေ ရှာတွေ့ဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။

Source: Bright Side
