လူအများစုကတော့ expire date (ရက်လွန်ရက်စွဲ) ဆိုရင် အစားအသောက်အတွက်ပဲ ကြည့်ကြတာများပါတယ်။ ဒါပေမယ့် စားစရာမဟုတ်တဲ့ အရာတွေမှာလည်း expire date ပါဝင်ပါတယ်။ ဒါကတော့အသုံးအဆောင်ပစ္စည်းတွေ ကောင်းမွန်စွာအလုပ်လုပ်နေစေဖို့အတွက်နဲ့အန္တရာယ်ကင်းကင်း အသုံးပြုနိုင်အောင် ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ ကဲဘယ်အသုံးအဆောင်ပစ္စည်းတွေက expire date ပါလဲ ကြည့်လိုက်ရအောင်။

ကားထိုင်ခုံများ

Source: Reader’s Digest

ကားထိုင်ခုံက လူ့အသက်နဲ့ဆိုင်တာကြောင့် လုံခြုံမှုရှိဖို့ကအရေးကြီးပါတယ်။ ဒါ့ကြောင့် သေချာစွာတပ်ဆင်ထားဖို့နဲ့ expire date ကိုသေချာကြည့်ထားဖို့လိုအပ်ပါတယ်။ ကားထိုင်ခုံတိုင်းမှာ အသုံးပြုသင့်တဲ့ အချိန်ကန့်သက်မှတ်ထားပါတယ်။ သက်မှတ်ထားတဲ့ အချိန်ကာလကျော်လွန်သွားပြီဆိုရင် အသုံးပြုဖို့ မသင့်တော့ပါဘူး။

Sunscreen

Source: Reader’s Digest

ပုံမှန်အားဖြင့် Sunscreen တွေက expire date ပါလေ့မရှိပါဘူး။ ဒါပေမယ့် တစ်သက်လုံးအသုံးပြုလို့ ရတာမဟုတ်ပါဘူး။ ကျွမ်းကျင်သူတွေကတော့ Sunscreen တွေရဲ့အာနိသင်ဟာ သုံးနှစ်အထိသာ ခံလေ့ရှိကြောင်း ပြောဆိုထားပါတယ်။ ဒါ့ကြောင့် Sunscreen ဝယ်ပြီးစတင်အသုံးပြုတဲ့နေ့ကို ဗူးပေါ်မှာ ရေးမှတ်ထားဖို့လိုအပ်ပါတယ်။ တစ်ချို့ Sunscreen ဗူးတွေက expire date ပါလေ့ရှိပါတယ်။

ခေါင်းအုံး

Source: Stuff.co.nz

ခေါင်းအုံးကို (၂-၃) နှစ်ထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီထက်ကြာသွားပါက လည်းပင်းနာတာနဲ့ အုံးလွဲတာတွေဖြစ်နိုင်ပါတယ်။ ပြီးတော့ ဖုန်တွေကပ်ညှိနေတာကြောင့် ရောဂါပိုးမွှားတွေ ပေါက်ဖွားနိုင်လို့ပါပဲ။

အာကစားဖိနပ်

Source: Sourcing Journal

အားကစားဖိနပ်ကလည်း ပြေးတာများလာလေလေ အဲဒီဖိနပ်ကို လွှတ်ပစ်ရလေလေပါပဲ၊ ဖိနပ်ကူရှင်က ပါးသွားလေလေ အပြေးလေကျင့်ဖို့၊ စီးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဖိနပ်ကူရှင်ပါးသွားရင် သင့်ကို အထိခိုက်ဖြစ်နိုင်ခြေများလာပါတယ်။ ဖိနပ်ထုတ်လုပ်တဲ့အများစုက မိုင် (၃၀၀) ကနေ (၆၀၀) အထိပြေးပြီးသွားရင် နောက်ထပ်ဖိနပ်တစ်ရံအစားထိုးဖို့ အကြံပြုထားပါတယ်။ သင် ဖိနပ်စီးရတာ ဘယ်လိုနေလဲဆိုတာ အာရုံစိုက်တာပါ။ စီးရတာအဆင်မပြေတော့ဘူးလို့ ခံစားရရင် အသစ်တစ်ရံသာလဲလိုက်သင့်ပါတယ်။

သွားတိုက်တံ

Source: Reader’s Digest

သွားတိုက်တံအမျှင်တွေ ဖရိုဖရဲဖြစ်နေပြီဆိုရင် အသစ်ဝယ်သုံးသင့်ပါပြီ။ သွားတိုက်တံ အရည်အသွေးကောင်းတာကြောင့် ကြာရှည်အသုံးခံနေရင်တောင် (၃) လထက်ပိုမသုံးသင့်ပါဘူး။ ပြီးတော့ တုပ်ကွေးဖြစ်နေတဲ့အချိန် (သို့) ဖျားနာနေတဲ့အချိန်အသုံးပြုခဲ့တဲ့ သွားတိုက်တံတွေကို ထပ်မံအသုံးမပြုသင့်ပါဘူး။