မနက်ခင်းနိုးလာတိုင်း လေးလံထိုင်းမှိုင်းနေသလို ခံစားနေရလား။ တစ်နေကုန် နိုးကြားနေအောင် ကော်ဖီတွေသောက် ချောကလက်တွေ စားနေရပြီလား။ ဒီလိုဆိုရင်တော့ သင့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့လိုအပ်နေပါပြီ။ ဒီဆောင်းပါးမှာ ကျန်းမာပျော်ရွှင်စွာ ဘယ်လိုနေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေ စားပေးပါ

Source: American Heart Association
ကျွမ်းကျင်သူတွေရဲ့ပြောစကားအရ သင့်ရဲ့ခန္ဓာကိုယ်ဟာ သင်စားတဲ့အစားအစာပေါ်မှာ မူတည်ပြီးပြောင်းလဲမှုရှိပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေ ရွေးချယ်စားသုံးပေးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် များစွာအရေးကြီးပါတယ်။
အချိုစားတာက လိုတာထက်ပိုရင် ကျန်းမာရေး ပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ချင်ရင်တော့ အချိုကဲတဲ့ အစားအစာတွေကိုရှောင်ပါ။ သစ်သီးတွေမှာ ဗီတာမင် နဲ့ သတ္တုဓာတ်ကြွယ်ဝတာကြောင့် နေ့တိုင်း သစ်သီးစားပေးသင့်ပါတယ်။
အိပ်ရေးဝဝအိပ်ပါ

Source: Openfit
အိပ်ချိန်ပြည့်ဝနေဖို့က လူတိုင်းအတွက် အရေးကြီးပါတယ်။ တစ်ညကို (၇) နာရီ သို့ (၈) နာရီအိပ်ချိန်ရရှိအောင် ကြိုးစားပါ။ အိပ်ရေးမဝဘူးဆိုရင် တစ်နေ့တာလုံး အလုပ်လုပ်ရတာအဆင်မပြေသလို ကူးစက်ရောဂါတွေလည်း အလွယ်တကူဝင်ရောက်နိုင်ပါတယ်။
ကိုယ့်ရဲ့ဘေးမှာ လူကောင်းတွေ ဝန်းရံနေပါစေ

Source: NPR
သင်အချိန်ပေးပြီး အတူတကွဖြတ်သန်းချင်တဲ့ လူတွေကို ရွေးထုတ်ပါ။ သင့်ကို ပျော်ရွှင်မှုတွေ အားအင်တွေ ပေးနိုင်တဲ့ အကောင်းမြင်ဝါဒရှိတဲ့ လူတွေနဲ့ပြောဆိုဆက်ဆံပါ။ အဆိုးမြင်ဝါဒရှိတဲ့လူ ဝေဖန်ပြစ်တင်တက်တဲ့လူတွေက သင့်ရဲ့ ငြိမ်းချမ်းတဲ့ဘဝကို ဖျက်စီးနိုင်တာကြောင့် ရှောင်ရှားဖို့ အကြံပေးပါရစေ။
အဓိပ္ပါယ်ရှိတဲ့ အရာတွေပြုလုပ်ပေးပါ

Source: Eat This, Not That
နေ့စဉ် သင့်အတွက် အဓိပ္ပါယ်ရှိတဲ့ အရာလေးတွေပြုလုပ်ပေးပါ။ ဥပမာ သင့်ကို ပျော်ရွှင်စေတဲ့အရာ (သို့) သင်စိတ်ဝင်စားတဲ့ အရာလေးတွေ ပြုလုပ်ပေးပါ။ သီချင်းနားထောင်တာ၊ ထမင်းဟင်းချက်တာ၊ ရုပ်ရှင်ကြည့်တာ စသဖြင့် သင့်အတွက် ပျော်ရွှင်မှုတွေပေးနိုင်တဲ့ အရာလေးတွေကို နေ့စဉ် ပြုလုပ်ပေးပါ။
ရေများများသောက်ပါ

Source: Ask The Scientists
ခန္ဓာကိုယ်က ဇီဝလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ရေများများသောက်ပေးပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်နဲ့ အာဟာရတွေ ပို့ဆောင်နိုင်စေဖို့ပါ။ အသားအရေခြောက်သွေ့တာ ကင်းစေသလို ဆီးဝမ်းမှန်စေနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ

Source: Jilian Michaels
တစ်နေ့တာမှာ ပုံမှန် (၁၀) မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်ခံအားကောင်းစေပြီး လူကို ပေါ့ပါးသွတ်လက်စေပါတယ်။ လမ်း လျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ စတဲ့မပြင်းထန်တဲ့ လေ့ကျင့်ခန်းလေးတွေကို နေ့စဉ်ပုံမှန်လေးပြုလုပ်ပေးပါ။
