လူတိုင်းလူတိုင်း ချမ်းသာတဲ့နည်းလမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေကြတာပါပဲ။ တစ်ချို့က စတော့ရှယ်ယာတွေဝယ်ပြီး ချမ်းသာအောင်လုပ်သလို တစ်ချို့ကြတော့ အလုပ်အလွန်ကြိုးစားကြတယ်။ ချမ်းသာတဲ့လူတွေမှာ တူညီတဲ့အချက်တွေရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကံကောင်းတဲ့လူတွေရော အလုပ်ကြိုးစားတဲ့လူတွေပါ အမှားတွေလုပ်ကြတာကြောင့် ပိုက်ဆံမစုမိကြဘူး။ ဒီနေ့ဆောင်းပါးမှာတော့ ချမ်းသာချင်ရင် ရှောင်ကျဉ်ရမယ့် အရာလေးတွေကို ပြောပြပေးသွားမှာပါ။

မိတ်ဆွေအသစ်မဖွဲ့ခြင်း

Source: Essential Living

ချမ်းသာတဲ့လူတွေက မိတ်ဆွေအသစ်နဲ့တွေ့ဆုံရတာကို သဘောကျကြတယ်။ (၆၈) ရာခိုင်နှုန်းသော လူချမ်းသာတွေက အရင်ကမတွေ့ဖူးတဲ့လူတွေနဲ့ မိတ်ဖွဲ့ရတာကို ကြိုက်နှစ်သက်ကြောင်း ပြောထားပါတယ်။သူတို့တွေဟာ အားလပ်ရက်တွေမှာသာမက အခြားအရေးကြီးတဲ့ရက်တွေမှာတောင် မိတ်ဆွေတွေ၊ မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံရဖို့အတွက် မမေ့ကြပါဘူး။ ဒါကြောင့် အောင်မြင်ပြီး ချမ်းသာကြွယ်ဝချင်ရင် မိတ်ဆွေများများဖွဲ့ထားသင့်ပါတယ်။

ကံကြမ္မာကိုယုံကြည်ခြင်း

Source: Bright Side

ချမ်းသာတဲ့လူတွေက ကံကောင်းခြင်းကို အလုပ်လုပ်ရင်းနဲ့ပဲ ရယူတက်ပါတယ်။ (၉၀) ရာခိုင်နှုန်းသော ဆင်းရဲတဲ့လူတွေက သူတို့ဆင်းရဲရတာဟာ ကံမကောင်းလို့ဆိုပြီး ကံကိုပဲအပြစ်ပုံချတက်ကြတယ်။ အောင်မြင်တဲ့လူတွေက သူတို့ဘဝလမ်းကြောင်းကို သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတယ်။

အသုံးအဖြုန်းကြီးခြင်း

Source: Key-Management-Group

တစ်ချို့က ရတဲ့ဝင်ငွေထက်ပိုပြီးသုံးနေကြပါတယ်။ မတတ်နိုင်တဲ့အရာတွေ၊ မလိုအပ်တဲ့အရတွေအတွက် ငွေကို အရမ်းမသုံးသင့်ပါဘူး။ ဝင်ငွေကိုချင့်ချိန်ပြီးသုံးမှသာ ကြီးပွားတိုးတတ်မှာဖြစ်ပါတယ်။

မိမိရဲ့အလုပ်ကိုမုန်းခြင်း

Source: The Muse

အောင်မြင်တဲ့လူတွေက ‘ငါတို့လုပ်တဲ့အရာကိုမြတ်နိုးတယ်’ လို့ပြောဆိုတတ်ကြပါတယ်။ တစ်ချို့တွေကတော့ အလုပ်မှာ တစ်ခုခုအဆင်မပြေဘူးဆိုရင် သူတို့ရဲ့အလုပ်နဲ့ ပတ်သက်ပြီး မကောင်းတဲ့အရာတွေကို ပိုပြီးမြင်ကြပါတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးထားနေမယ်ဆိုရင် အောင်မြင်ဖို့ ခက်ခဲလာနိုင်ပါတယ်။ သင် လုပ်နေတဲ့အလုပ်ကို ချစ်မြတ်နိုးသင့်ပြီး သင်လုပ်နေတဲ့အလုပ်ကို မကြိုက်ဘူးဆိုရင် ပြောင်းလဲပစ်သင့်ပါတယ်။

ကျန်းမာရေးကို ဂရုမစိုက်ခြင်း

Source: Medical Daily

အောင်မြင်ပြီး ချမ်းသာတဲ့သူတွေက ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ။ သူတို့ရဲ့အချိန်တွေကို ကျန်းမာရေးအတွက် အချိန်ပေးထားကြပါတယ်။ တစ်ပတ်ကို လေးကြိမ် လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့အစားအစာတွေ စားတာ၊ ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်တာတွေလုပ်ကြပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးကိုလည်း ဂရုစိုက်မှ ကျန်းမာရေးကောင်းပြီး အလုပ်တွေလုပ်နိုင်ပြီး အောင်မြင်ချမ်းသာတဲ့သူဖြစ်လာမှာဖြစ်ပါတယ်။