လူသားတွေမှာပဲ ယုံကြည်မှုနဲ့ချစ်ခြင်းတရားတွေ ရှိနေတာမဟုတ်ပါဘူး။ တစ်ဘဝလုံး အတူတူနေကြတဲ့ တိရစ္ဆာန်တွေလည်းရှိကြပါတယ်။ တစ်ခါတစ်လေ လူသားတွေအနေနဲ့ သူတို့လေးတွေဆီကနေ သင်ယူဖို့ကောင်းပါတယ်။ ဒီနေ့ အချစ်နဲ့ယုံကြည်မှုတွေအတွက် စံထားသင့်တဲ့ တိရစ္ဆာန်လေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ပင်ဂွင်း

ဒီငှက်တွေဟာ အလွန်အေးတဲ့ အန္တာတိကတိုက်မှာ အသက်ရှင်နေထိုင်ကြတဲ့ငှက်တွေပါ။ သူတို့တွေက နှစ်ပေါင်းများစွာ အတူတကွနေထိုင်ကြပြီး အထီးကောအမပါ သူတို့ရဲ့ ဥလေးကို အလှည့်ကျ ကြည့်ရှုစောင့်ရှောက်ကြတယ်။ ပြီးတော့ ကလေးတွေကိုလည်း အတူတကွ ကျွေးမွေးပြုစုတက်ကြတယ်။

အဖြူရောင် ငန်းများ

ငန်းတွေက တစ်ဘဝလုံးမှာ လက်တွဲဖော် တစ်ယောက်ပဲထားလေ့ရှိပါတယ်။ သူတို့ရဲ့မိသားစုဝင်တွေက အချင်းချင်း ကြည့်ရှုစောင့်ရှောက်တက်ကြပြီး ကာကွယ်ပေးတက်ကြတယ်။

လင်းယုန်

အမေရိကန်တွေက လင်းယုန်ကို သူတို့ရဲ့ နိုင်ငံအထိမ်းအမှတ်အဖြစ် ထားရှိတာဟာ အကြောင်းရှိပါတယ်။ ဒါကတော့ လင်းယုန်တွေရဲ့ သစ္စာရှိမှုကြောင့်ပါပဲ။

မျောက်လွဲကျော်

ဒီမျောက်လေးတွေက အချစ်ကြီးရုံတင်မကဘဲ သူတို့ရဲ့ relationship မှာတန်းတူညီမျှအခွင့်အရေးရှိကြတယ်။

ဝံပုလွေ

ဝံပုလွေအထီးတွေက အမတွေအပေါ် အလွန်ကြင်နာပြီး ဂရုစိုက်ကြတယ်။ သူတို့တွေက အချင်းချင်း သစ္စာရှိကြတယ်။

ဗီဗာဖျံ

ဗီဗာဖျံ မိသားစုမှာ အမတွေက အိမ်ထောင်ဦးစီးဖြစ်ပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေ ပျော်ရွှင်နေရခြင်းရဲ့ လျှို့ဝှတ်ချက်က အမတွေရဲ့ ဉာဏ်အမြော်အမျှင် ကြီးမှုကြောင့်ပါပဲ။

မြေခွေး

မြေခွေးအမ သေဆုံးသွားခဲ့ရင် မြေခွေးအထီးတွေက တခြားပါတနာ မရှာတော့ပါဘူး။ တစ်ဘဝလုံး လူပျိုကြီးလုပ်ကြတယ်။

Source: Bright Side