ခံတွင်းရနံ့ဆိုးထွက်နေခြင်းက လူမှု့ဆက်ဆံရေးအတွက် အလွန်အနှောင့်အယှက်ဖြစ်စေပါတယ်။ ခံတွင်းရနဲ့ဆိုးနေတယ်ဆိုရင် တစ်ခြားလူနဲ့ စကားမပြောရဲတာကြောင့် အခွင့်အရေးတွေဆုံးရှုံးရတက်ပါတယ်။ ဒီပြဿနာကို ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။
သွားပုံမှန်တိုက်ပေးပါ
Source: SF-Perio-Implants
သွားကြားတွေထဲမှာ စားကြွင်းစားကျန်တွေ ကျန်နေခဲ့တာကြောင့် ဘတ်တီးရီးယားတွေ ပေါက်ဖွားကာ ခံတွင်းရနဲ့ ဆိုးဝါးတက်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကိုသွားနှစ်ကြိမ်တိုက်ပေးပါ။
ပလုတ်ကျင်းပါ
Source: Dynamic Dental Care
အစားတစ်ခုခုစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ ဒီလိုလုပ်ပေးတာက စားကြွင်းစားကျန်တွေကို ရှင်းပေးပြီးသားဖြစ်စေမှာပါ။ ဘက်တီးရီးယားတွေကိုလည်း ဟန့်တားပြီးသားဖြစ်စေမှာပါ။
လျှာကို သန့်ရှင်းပါ
Souce: Sloan Dental
လူအများစုက ခံတွင်းသန့်ရှင်းပါလို့ပြောလိုက်ရင် လျှာကိုမေ့ထားတတ်ကြပါတယ်။ တကယ်တော့ ခံတွင်းအနံ့ဆိုးကင်းစေဖို့က လျှာကို သန့်စင်ပေးဖို့လည်း လိုပါတယ်။ သွားတိုက်တဲ့အခါတိုင်း လျှာကိုပါတိုက်ပေးပါ။
ခံတွင်းနံ့ဆိုးစေနိုင်တာတွေကိုရှောင်ပါ
Souce: Medical News Today
အစားစားတဲ့အခါ ခံတွင်းနံ့ဆိုးစေနိုင်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဒညှင်းသီး၊ ကော်ဖီ စတာတွေကိုရှောင်ရပါမယ်။ ဒီအစားအစာတွေက သင့်ကို ခံတွင်းနံ့ဆိုးဖြစ်စေနိုင်ပါတယ်။
ဆေးလိပ်ဖြတ်ပါ
Souce: Get Healthy Clark County
ဆေးလိပ်သောက်တာကြောင့် ကင်ဆာဖြစ်စေနိုင်တာအပြင် သွားနဲ့သွားဖုံးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီလောက်နဲ့ပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး။ ခံတွင်းနံ့ဆိုးကိုဖြစ်စေနိုင်ပါသေးတယ်။ ခံတွင်းနံ့ဆိုးကင်းစေဖို့ဆိုရင် မဖြစ်မနေလုပ်သင့်တာတစ်ခုက ဆေးလိပ်ဖြတ်ဖို့ပါ။
သွားဖုံးကျန်းမာရေးဂရုစိုက်ပါ
Souce: Sepsisi-Alliance
သွားဖုံးတွေမှာ ရောင်နေတာမျိုး နာနေတာမျိုးဖြစ်မယ်ဆိုရင် ဆားရည်နဲ့ ပလုတ်ကျင်းတာမျိုးလုပ်ပေးပါ။ လိုအပ်ရင် ဆရာဝန်နဲ့ပြသပါ။ရေများများသောက်ပါရေဓာတ်ပြည့်ဝမှုကလည်း ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ခြေကို လျှော့ချပေးနိုင်တာကြောင့် ခံတွင်းနံ့ဆိုးကင်းစေဖို့ဆိုရင် နေ့စဉ်လုံလောက်တဲ့ရေပမဏကို သောက်ဖြစ်ဖို့လည်းလိုအပ်ပါတယ်။