အိမ်တွင်းမှာ ဖော်မလင်၊ ကာဗွန်မိုနိုဆိုက် စတဲ့ အစရှိတဲ့အန္တရာယ်ရှိသော ဓာတ်ငွေ့တွေ ရှိနေတက်တယ်လို့ NASA ကပြောထားပါတယ်။ ဒါ့ကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လေထုသန့်စင်ပေးတဲ့ အပင်တွေကို အိမ်တွင်းမှာ စိုက်ပျိုးထားဖို့ လိုအပ်ပါတယ်။

ဒီနေ့ဆောင်းပါးမှာတော့ အိမ်တွင်းမှာ စိုက်ပျိုးထားသင့်တဲ့ အပင်လေးတွေအကြောင်းပြောပြပေးသွားမှာပါ။

စံပယ်ပင်

စံပယ်ပင်က စိတ်ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှုရှိစေပါတယ်။ စံပယ်ပင်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်မတည်မငြိမ်ဖြစ်တာကို ကုသပေးသလို အိပ်စက်ချိန်ကိုလည်း ကောင်းမွန်လာစေတဲ့အတွက် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိရောက်မှုရှိစေပါတယ်။

Spider Plant

Spider Plant လို့ခေါ်တဲ့ ဒီအပင်လေးတွေက ဖော်မလင်၊ ကာဗွန်မိုနိုဆိုက် နဲ့ အခြားအဆိပ်သင့်စေတဲ့ လေထုညစ်ညမ်းမှုကို အကောင်းဆုံး တိုက်ထုတ်ပေးပါတယ်။ ဒီအပင်လေးတွေက စိုက်ထားပြီးရင်လည်း အရမ်းကြီးဂရုစိုက်ပေးဖို့ မလိုအပ်တာကြောင့် အိမ်မှာစိုက်ပျိုးရတာ လွယ်ကူပါတယ်။

ရှင်သီဝလိဂမုန်း (Peace Lily)

ရှင်သီဝလိဂမုန်းပင်က အိမ်တွင်းအလှဆင်ဖို့အတွက် အကောင်းဆုံးအပင်ပါ။ နွေရာသီမှာဆိုရင် လှပတဲ့ အဖြူရောင်ပန်းလေးတွေ ပွင့်လေ့ရှိတဲ့အပြင် အန္တရာယ်ရှိတဲ့ အမိုးနီးယား၊ ဖော်မလင် စတဲ့ဓာတ်ငွေ့တွေကို စုပ်ယူပေးပါတယ်။

English Ivy

ဒီအပင်က ၉၀ ရာခိုင်နှုန်းလောက် လေသန့်စင်ပေးပြီး ပန်းနာရင်ကျပ်ရှိသူတွေကို ညဘက်ကောင်းကောင်း အိပ်စက်နိုင်အောင်၊ အသက်ရှုလို့ရအောင် ကူညီပေးနိုင်ပါတယ်။ ဒီနွယ်ပင်က အဆိပ်သင့်စေနိုင်တဲ့အတွက် တိရိစ္ဆာန်တွေနဲ့ ကလေးငယ်လေးတွေမစားမိအောင် ဂရုစိုက်သင့်ပါတယ်။

ရာဘာပင် (Rubber Plant)

ရာဘာအပင်တွေကို ဂရုစိုက်ပေးရတာ အရမ်းမခက်ခဲပေမယ့်လည်း အပင်ကြီးတွေဖြစ်လာတတ်ပါတယ်။ ရာဘာအရွက်ကြီးတွေက လေထဲက မကောင်းတဲ့အရာတွေကို စုပ်ယူပေးပါတယ်။

Source: Bright Side