အကျင့်တစ်ခုဖြစ်အောင် လုပ်ယူဖို့အတွက် (၂၁) ရက်ခန့်အချိန်ယူရတယ်လို့ ပြောတာသင်ကြားဖူးမှာပါ။ ဒါပေမယ့် လက်တွေ့လေ့လာထားခြင်းမရှိပါဘူး။ လေ့လာမှုတစ်ခုအရ အလေ့အကျင့်တစ်ခုဖြစ်သွားဖို့အတွက် (၆၆) ရက်အချိန်ယူရတယ်လို့ ဆိုထားပါတယ်။ အလေ့အကျင့်ဖြစ်သွားရင်တော့ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဖျောက်ဖျက်ဖို့အတွက် ခဲယဉ်းပါတယ်။ ဒီနေ့ဆောင်းပါးမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ရွံစရာကောင်းတယ်လို လူတွေသတ်မှတ်ထားတဲ့ အလေ့အကျင့်တစ်ချို့ကို ဖော်ပြပေးသွားမှာပါ။

ရေချိုးနေစဉ် ရှူးပေါက်ချခြင်း

ရေချိုးနေစဉ် ရှူးပေါက်ချတဲ့အကြောင်းကို အများသိအောင်ပြောရတာက နည်းနည်းတော့ ကသိကအောက်နိုင်ပါတယ်။ ဒါပေမယ့် လေ့လာသူတွေရဲ့တွေ့ရှိချက်အရ (၇၅) ရာခိုင်နှုန်းသောလူတွေက သူတို့ဘဝမှာ တစ်ကြိမ်ခန့် ရေချိုးရင်း ရှူးပေါက်ဖူးကြပါတယ်။ တကယ်တော့ ဒါက ရှက်စရာမဟုတ်ပါဘူး။ သင့်ဆီးထဲမှာ ပါဝင်တဲ့ ယူရစ်အက်ဆစ် နဲ့ အမ်မိုးနီးယားဓာတ်တွေက သင့်ခြေချောင်းတွေမှာ မှိုကဲ့သို့ရောဂါပိုးမွှားတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

တံတွေးထွေးခြင်း

တံတွေးထွေးခြင်းက ရွံ့စရာကောင်းပါတယ်။ အထူးသဖြင့် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာပေါ့။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ တံတွေးထွေးခြင်းက အသက်ရှုရလွယ်ကူအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ဘောလုံးကွင်းထဲမှာ ဘောလုံးကစားသမားတွေ မကြာခဏဆိုသလို တံတွေးထွေးကြတာပါ။

ပီကေဝါးခြင်း

ပီကေဝါးတာက ကောင်းတဲ့အရာ မဟုတ်တဲ့အတွက် မစားဖို့ လူကြီးတွေက ပြောကြပါတယ်။ တကယ်တော့ ပီကေဝါးတာက အလေ့အကျင့်ဆိုး မဟုတ်ပါဘူး။ ပီကေဝါးတာက ကဖင်းဓာတ်ထက်ပိုပြီး ကူညီပေးနိုင်ပါတယ်။ ဒီအလေ့အကျင့်က သင့်ကို အာရုံစိုက်နိုင်၊ မှတ်ဉာဏ်ထက်မြက်စေနိုင်၊ စိတ်ဖိစီးမှုကို လျော့ချစေနိုင်တဲ့အပြင် ကော်တီဆုန်းပမာဏကို မြှင့်တင်ပေးခြင်းအားဖြင့် ဟော်မုန်းဓာတ်တွေ ညီမျှအောင်လည်း ကူညီပေးနိုင်ပါတယ်။

လေလည်ခြင်း

လူအများစုက လူရှေ့သူရှေ့မှာ လေလည်ရတာကို ရှက်ရွံ့တတ်ကြပါတယ်။ လူရှေ့သူရှေ့ရောက်ရင် လေလည်ချင်ရဲ့သားနဲ့ အောင့်ထားကြပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က တစ်နေ့ကို အနည်းဆုံး (၁၄) ကြိမ်လောက် ဂတ်စ်ကို ထုတ်လွှတ်ပေးရပါတယ်။ ညဘက်ဆိုရင် (၃-၅) ကြိမ်ဝန်းကျင်လောက် လေလည်ပေးသင့်ပါတယ်။ ကျွန်တော်တို့ အစာခြေစနစ်က အစာခြေနေစဉ်အတွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းဓာတ်တွေကို ထုတ်လုပ်ပေးတဲ့အတွက် လေလည်တာဖြစ်ပါတယ်။ လေလည်ခြင်းက ဒီဓာတ်ငွေ့ကို ဖယ်ရှားပေးဖို့အတွက် ကူညီပေးပါတယ်။ ဂတ်စ်တွေကို မထုတ်လွှင့်ဘူးဆိုရင် ဝမ်းဗိုက်နာကျင်တာ၊ လေထိုးလေအောင့်တာတွေ ဖြစ်လာနိုင်ပါတယ်။

လေတက်ခြင်း

အစာအများကြီးစားပြီးတဲ့နောက်မှာ လေချဉ်တက်ကြပါတယ်။ ဒါပေမဲ့ လေချဉ်မတက်ဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ အစာအများကြီး သိုလှောင်ထားရတဲ့အတွက် ဂတ်စ်တွေဖြစ်လာနိုင်ပြီး ရင်ဘတ်နာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ လေချဉ်တက်တာက ကျွန်တော်တို့အစာအိမ်က လေတွေကို ပြေလျော့သွားအောင် ကူညီပေးပါတယ်။ ဒါပေမဲ့ တအားကြီးလေချင်တက်ရင် အစာအိမ်အချဉ်ပေါက်တဲ့ ရောဂါရဲ့လက္ခဏာရပ် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

Source: Bright Side