စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေက အလုပ်ခွင့်မှာတွေ့ကြုံရလေ့ရှိတဲ့ အရာတွေပါ။ အလုပ်လုပ်ရတဲ့ပမာဏ နဲ့လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင် ဖက်အချင်းချင်းကြားက ယှဉ်ပြိုင်မှုတွေအပေါ်မှာ မူတည်ပြီးတော့ စိတ်ဖိစီးမှုဒဏ်ခံရပုံခြင်း ကွဲပြားကြတယ်။ ဒါကို ရှောင်လွဲလို့မရပါဘူး။ ဒါပေမယ့် ထိန်းချုပ်လို့တော့ ရပါတယ်။ ဒီနေ့ဆောင်းပါးမှာ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုကင်းကင်းနဲ့ အလုပ်လုပ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ပြောပြပေးသွားမှာပါ။
(၁) တစ်နေ့တာအတွက် အစီအစဉ်ဆွဲထားပါ

Source: Strategic Psychology
တစ်နေ့တာကို စတင်ဖို့အတွက် အစီအစဉ်ရှိနေဖို့ အရေးကြီးပါတယ်။ အလုပ်မစတင်ခင်မှာ ဘာတွေပြီးမြောက်အောင် လုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနေဖို့ လိုအပ်ပါတယ်။ အချိန်ဇယားတစ်ခုဆွဲထားပြီး အရေးကြီးတဲ့အလုပ် မြန်မြန်ပြီးအောင် လုပ်ရမယ့်အလုပ် စသဖြင့် ခွဲခြားထားဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အချိန်တွေအများကြီး သက်သာစေမှာဖြစ်ကာ အဲ့ဒီအချိန်တွေကို တခြားကိုယ့်အတွက် အကျိုးရှိမယ့်နေရာတွေမှာ အသုံးပြုလို့ရမှာပါ။ ပြီးတော့ အချိန်မီပြီးရမယ့်အလုပ်တွေကို ဦးစားပေးလုပ်တာကြောင့် အချိန်ပိုလုပ်ရတာတွေ စိတ်ဖိစီးမှုတွေ မရှိတော့ဘူးပေါ့။
(၂) အချိန်စီမံခန့်ခွဲတက်ဖို့လည်း အရေးကြီးတယ်

Source: Richtopia
စိတ်ဖိစီးမှုက များသောအားဖြင့် အလုပ်တွေအများကြီးလုပ်ရလို့ ဖြစ်တာပါ။ ဒီလိုအခြေအနေမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် အချိန်ကိုစီမံခန့်ခွဲတက်ဖို့ကလည်း အရေးကြီးပါတယ်။ deadline နီးနေတဲ့အလုပ်တွေ နဲ့ ဦးစားပေးလုပ်ရမယ့် အလုပ်တွေကို အရင်ဦးဆုံးပြီးအောင် လုပ်ပါ။ အိမ်ကိုအလုပ်တွေ သယ်မသွားပါနဲ့။ ဒီလိုလုပ်ခြင်းက သင့်ရဲ့စိတ်ကျန်းမာရေးနဲ့ မိသားစုကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ အလုပ်ကို အလုပ်ချိန်အတွင်းပြီးအောင် ကြိုးစားပါ။
(၃) မေးစရာရှိတာမေးပါ

Source: TrainingZone
လုပ်ငန်းခွင်အတွင်းမှာ ကိုယ်ကအသစ်ဖြစ်နေတယ်ဆိုရင် မသိနားမလည်တာတွေရှိနေနိုင်ပါတယ်။ ဒီလို မသိနားမလည်တာရှိရင် မေးခွန်းမေးဖို့ မရှက်ပါနဲ့။ လူအများစုက မေးခွန်းမေးရမှာကို ရှက်ကြောက်ကြတယ်။ မေးရင်ကောင်းမလား တကယ်လို့ ငါမေးလိုက်ရင် သူတို့ဖြေကြမှာလာ ငါမေးတာ မဟုတ်ရင် ဒုက္ခစသဖြင့်တွေးတက်ကြတယ်။ ဒီလိုတွေဖြစ်နေမယ့်အစား စိတ်ထဲမှာ မေးခွန်းတွေပေါ်လာရင် အဖြေသိရအောင် မေးလိုက်ပါ။
(၄) အနားယူပါ

Source: Revolution Mother
အလုပ်ကနေ ခဏအနားယူပြီး အပန်းခြေခရီးထွက်တာတွေလုပ်မယ်ဆိုရင် စိတ်ဖိစီးမှုကို သက်သာသွားစေမှာပါ။ အဆက်မပြတ်အလုပ်လုပ်နေရတာက လူတစ်ယောက်ကို လေးလံထိုင်းမှိုင်းစေပြီး အလုပ်လုပ်နိုင်စွမ်းမရှိ ဖြစ်သွားစေနိုင်ပါတယ်။ ခဏအနားယူတာက စိတ်ပျော်ရွှ့င်လန်းဆန်းစေပြီး စိတ်ဖိစီးမှုကင်းကင်းနဲ့ နေနိုင်မှာပါ။ စိတ်ပျော်ရွှင်ပြီး စိတ်ဖိစီးမှုမရှိမှသာ အလုပ်ကို ကောင်းကောင်းလုပ်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။
