ခရစ္စမတ်ပွဲတော်နဲ့ပတ်သတ်တဲ့အရောင်တွေများစွာရှိတဲ့အနက် အခုပြောပြပေးမှာက ခရစ္စမတ်ပွဲတော်တွေမှာတွေ့ရလေ့ရှိတဲ့ အနီရောင်၊ အစိမ်းရောင်နဲ့ ရွှေရောင်တွေအကြောင်းကို ပြောပြပေးမှာပါ။ ခရစ္စမတ်ရဲ့အရာင်တွေအများစုက ဥရောမအနောက်ပိုင်းနဲ့ မြောက်ပိုင်းဓလေ့ထုံးစံတွေကလာတာပါ။ ဒီအရောင်တွေကို ဘာကြောင့်အသုံးပြုတာလဲ ဘယ်လိုအဓိပ္ပါယ်တွေရှိတာလဲ?
(၁) အစိမ်းရောင်

Source : David Suzuki Foundation
အမြဲစိမ်းသစ်ပင်အမျိုးအစားတွေဖြစ်တဲ့ Holly, Ivy နဲ့ Mistltoe အပင်တွေကို ခရစ္စမတ်မှာအလှဆင်အပင်တွေအဖြစ် များသောဖြင့်အသုံးပြုခဲ့ကြပြီး ရှည်လျားမှောင်မိုက်တဲ့ဆောင်းတွင်းအချိန်ခါတွေမှာ အဆောက်အဦး တွေကိုလင်းလက်တောက်ပစေဖို့ အလှဆင်ခဲ့ကြပါတယ်။ ရောမမှာတော့ ဇန်နဝါရီလအတွင်းအမြဲစိမ်းအပင်တွေ ကိုအလှဆင်တာက ကံကောင်းခြင်းတွေယူဆောင်ပေးတယ်လို့ယူဆကြပါတယ်။ ဒါ့ကြောင့် အစိမ်းရောင်က ခရစ္စမတ်ပွဲတော်ရဲ့ ခရစ္စမတ်သစ်ပင်တွေကို ကိုယ်စားပြုအသုံးပြုတာဖြစ်ပါတယ်။
(၂) အနီရောင်

Source : CBS Detroit
အစောပိုင်းခရစ္စမတ်ပွဲတော်တွေမှာ အနီရောင်ကိုအသုံးပြုတာက ကောင်းကင်ဘုံကအပင်မှာရှိတဲ့ ပန်းသီးတွေကို ကိုယ်စားပြုပါတယ်။ ပန်းသီးတွေကတော့ အာဒံဖြစ်ပေါ်လာတာကိုကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အနီရောင် Holly berries သီးတွေကိုဆိုလိုတာဖြစ်တယ်လို့ဆိုကြပြီး ဒါက လက်ဝါးကပ်တိုင်မှာသေဆုံးသွားရတဲ့ ယေရှုကိုယ်တော်ရဲ့သွေးတွေကို ကိုယ်စားပြုတာလဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂိုဏ်းအုပ်ဆရာတော်တွေရဲ့ဝတ်ရုံကအနီရောင်ဖြစ်တဲ့အတွက် စန်တာဘိုးဘိုးကြီးရဲ့ဝတ်စုံ အရောင်ကအနီရောင်ဖြစ်လာခဲ့ပါတယ်။
(၃) ရွှေရောင်

Source : Desktop Nexus
ရွှေရောင်က နေရဲ့အရောင်နဲ့အလင်းရဲ့အရောင်ဖြစ်ပြီး မှောင်မိုက်တဲ့ဆောင်းရာသီအတွက်အလွန်အရေးကြီးပါတယ်။ ပြီးတော့ အနီရောင်ရော ရွှေရောင်နှစ်ခုစလုံးက သင့်ကိုနွေးထွေးစေဖို့ သင်လိုအပ်တဲ့မီးအရောင်တွေပါ။ ဒါ့အပြင် ရွှေရောင်က ပညာရှိတွေထဲကတစ်ဦးက ကလေးငယ်ယေရှုထံယူဆောင်လာတဲ့လက်ဆောင်တွေထဲကတစ်ခုလည်း ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် ပညာရှိများလိုက်ပါခဲ့တဲ့ကြယ်ရဲ့အရောင်ကိုပြသတာလဲဖြစ်ပါတယ်။ တခါတရံ ငွေရောင်ကိုလဲ တွဲဖက်အသုံးပြုပေမယ့် ရွှေရောင်ကတော့ပိုမိုနွေးထွေးတဲ့ အရောင်ဖြစ်ပါတယ်။
