US မှာအမျိုးသမီးတွေက တစ်လကို (၃.၅) ကြိမ်ခန့်ငိုကြွေးကြပြီး အမျိုးသားတွေကတော့ တစ်လကို (၁.၉) ကြိမ်ငိုကြွေးကြတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြထားပါတယ်။ လူမှုပတ်ဝန်းကျင်က ငိုကြွေးခြင်းကို အားနည်းချက်တစ်ခုအဖြစ် ယူဆထားကြပါတယ်။ ဒါပေမယ့် ငိုကြွေးဖို့လိုအပ်တယ်လို့ ခံစားရတဲ့အချိန်မှာ အောင့်မထားပါဘဲနဲ့ ငိုချလိုက်ပါ။ ဒီလိုငိုကြွေးလိုက်ခြင်းက သင်ထင်ထားတာထက်ပိုပြီး ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။

စိတ်ဖိစီးမှု

(၂၀၁၄) ခုနှစ်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ စိတ်ဖိစီးနေတဲ့အချိန်မှာ ငိုကြွေးလိုက်ခြင်းက လူတွေကို စိတ်သက်သာရာရစေတယ်လို့ ဖော်ပြထားပါတယ်။ ငိုကြွေးခြင်းရဲ့ရလဒ်က ချက်ခြင်းတော့ မခံစားရပါဘူး။ မိနစ်အနည်းငယ်ကြာမှ ခန္ဓာကိုယ်က ပေါ့ပါးသွားတာပါ။

သွေးဖိအား

သွေးဖိအားမြှင့်ခြင်းက လေဖြတ်တာ၊ နှလုံးရောဂါ နဲ့ ကျောက်ကပ်ပျက်စီးတာတွေကို ဖြစ်စေပါတယ်။ ဒါပေမယ့်သတင်းကောင်းတစ်ခုကတော့ ငိုကြွေးခြင်းက သွေးဖိအားကို ကျစေရုံသာမက သွေးခုန်နှုန်းကို ပုံမှန်ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်

ငိုကြွေးစဉ်မှာ မျက်လုံးကနေ ကျလာတဲ့ မျက်ရည်တွေထဲမှာ ဖုန်တွေ ပါသွားတက်ပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ထဲမှာ စုလာတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

နာကျင်မှု

ရုပ်ပိုင်းဆိုင်ရာနာကျင်တဲ့အခါ မျက်ရည်အနည်းငယ်က အလိုအလောက်ထွက်ကျလာတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်က နာကျင်မှုကို လျော့ချခြင်းပါပဲ။ စိတ်ခံစားချက်ပြင်းပြင်းနဲ့ ကျတဲ့မျက်ရည်က အောက်တိုဆင် (Oxytocin) နဲ့ အန်ဒေါ်ဖင်စ် (Endorphins) ဓာတ်တွေကို ထုတ်လွှင့်ပေးပါတယ်။ အဲဒီဓာတ်တွေက လူတစ်ယောက် နေလို့ကောင်းအောင် လုပ်ပေးသလို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုလည်း သက်သာသွားစေနိုင်ပါတယ်။

Source: Bright Side