ဝါသနာတစ်ခုဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေနိုင်တဲ့အထိ စွမ်းအားကြီးပါတယ်။ ထူးကဲတဲ့ဝါသနာဟာ လူတစ်ယောက်ကို သူလိုကိုယ်လို ဘဝကနေ သူများနဲ့မတူ ထူးခြားအောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာစေနိုင်အောင် ကူညီနိုင်ပါတယ်။ ဒါကြောင့်ပဲ ကိုယ့်ဝါသနာကို ရှာပုံတော်ဖွင့်ဖို့ အရေးကြီးပါတယ်။ ဝါသနာရှာဖွေရေး ခရီးစဉ်ဟာ သိပ်အခက်ကြီးမဟုတ်ပေမယ့် အချိန်တော့ ပေးရပါတယ်။ ဝါသနာရှာနိုင်တဲ့ နည်းတွေထဲက တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) စောင့်ကြည့်ပါ

Photo: Freepik

ကိုယ့်နေစဉ်ဘဝမှာ ကိုယ်တကယ်လုပ်ရတာ ပျော်တဲ့အရာက ဘာလဲ စောင့်ကြည့်ပါ။ ကိုယ့်ကို ပျော်စေတဲ့ အလုပ်ဟာ ကိုယ့်ဝါသနာဖြစ်သွားနိုင်ပါတယ်။ ကိုယ်က အစားအသောက်ချက်ပြုတ်ရရင် ပျော်တတ်လား။ အားကစားလုပ်ရရင် ကျေနပ်နေသလား။ ဒါဆို အချက်အပြုတ်သင်တန်းတွေ တက်တာမျိုး Gym ရုံဖွင့်တာမျိုးလုပ်ပြီး ကြီးပွားအောင် လုပ်သင့်ပါတယ်။

(၂) ကလေးတုန်းက စိတ်ဝင်စားမှုကို ပြန်ရှာပါ

Photo: Freepik

လူတစ်ယောက်ရဲ့ တကယ့်ဝါသနာကို ကလေးဘဝမှာ တွေ့ရတတ်ပါတယ်။ တချို့ကလေးတွေက ပန်းချီဆွဲတာ ၊ တူရိယာပစ္စည်းတွေ တီးခတ်တာ သိပ်သဘောကျခဲ့ကြပေမယ့် မိသားစုရဲ့ဖိအားကြောင့်ဖြစ်ဖြစ် ၊ အခြေအနေမပေးလို့ဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အရာတွေကို အသက်ကြီးတဲ့အထိ ယူလာခွင့်မရှိခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ငယ်တုန်းက ကိုယ်ဝါသနာပါခဲ့တဲ့အရာတွေ ပြန်စဉ်းစားကြည့်ပါ။

(၃) စမ်းသပ်ကြည့်ပါ

Photo: Freepik

ကိုယ့်ဝါသနာကို သိရဖို့ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ စမ်းလုပ်ကြည့်ဖို့ လိုပါတယ်။ တစ်ခုခုကို တကယ်သိရဖို့ အဲ့ဒီအရာတွေကို ကိုယ်တိုင် စမ်းသပ်ကြည့်တာ အကောင်းဆုံးပါပဲ။ ဒီတော့ ကိုယ့်ဝါသနာက ဘာလဲ သိဖို့ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို လက်တွေ့လုပ်ကြည့်လိုက်ပါ။ ဒါဆို ကိုယ့်ဝါသနာကို ပိုပြီး သေချာပေါက် သိနိုင်မှာ ဖြစ်ပါတယ်။