Rum ဆိုတာ ကာရစ်ဘီယံလူမျိုးတွေရဲ့ ရိုးရာနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖျော်ယမကာတစ်မျိုးလို့ ဆိုကြပါတယ်။ ကြံရည် သို့မဟုတ် သကာရည်ကို အချဉ်ဖောက်ရာမှ ရရှိလာတဲ့ Rum အရက်ကို ကမ္ဘာတစ်ဝှမ်း တွင်တွင်ကျယ်ကျယ် သောက်သုံးလေ့ရှိကြပြီး Rum ရဲ့သက်တမ်းပေါ်မူတည်ပြီး အရောင် အနံ အရသာတွေက ကွာခြားလေ့ရှိပါတယ်။

များသောအားဖြင့် ကော့တေးဖျော်စပ်ရာမှာ Rum ကိုအသုံးပြုလေ့ရှိပြီး အချိုပွဲများ၊ ရေခဲမုန့်များ၊ ကိတ်မုန့်များနှင့် လက်ဖက်ရည်တို့ရဲ့ အနံ့ နဲ့ အရသာကို ပိုကောင်းစေဖို့ Rum ကိုသုံးလေ့ရှိကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ရာသီဥတုအေးတဲ့ ဆောင်းရာသီလိုအချိန်မျိုးမှာ Rum ကသောက်သုံးပေးသင့်တဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ကြောင်း ကျွမ်းကျင်သူတွေပြောပြထားတဲ့ အကြောင်းအရင်းတွေကို စာဖတ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

(၁) အအေးဒဏ်ကို ခံနိုင်ရည်ရှိစေတယ်

Source : Mental Floss

ရာသီဥတုအလွန်အမင်းအေးတဲ့ အနောက်နိုင်ငံတွေမှာ အအေးဒဏ်ကို တွန်းလှန်နိုင်ဖို့ Rum အနည်းအငယ်မှီဝဲလေ့ရှိကြပါတယ်။ Rum ကသွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေတာကြောင့် အရမ်းအေးတဲ့အချိန်မှာတောင် ခန္ဓာကိုယ်ကိုနွေးထွေးစေဖို့ ကူညီပေးနိုင်ပါတယ်။ အများစုကတော့ ဆောင်းရာသီမှာ Rum ကို ပျားရည်အနည်းငယ်ရောစပ်ပြီး သောက်သုံးလေ့ရှိကြပါတယ်။

(၂) နှလုံးကျန်းမာရေးကောင်းစေတယ်

Source : The Spruce Eats

Rum မှီဝဲခြင်းက နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်လို့ သုတေသနပြုချက်တွေအရ ဖော်ပြထားပါတယ်။ Rum ကသွေး ကြောပိတ်ဆို့ခြင်းကို တားဆီးပေးပြီး သွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ဖို့ အထောက်အကူပြုပါတယ်။ နှလုံးအတွက်ကောင်းမွန်တဲ့ HDL လက်စထရောကိုလည်းတိုးစေပြီး နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါများဖြစ်ပွားနိုင်ကို လျော့ချပေးနိုင်ပါတယ်။

(၃) အရိုးနဲ့ ကြွက်သားနာကျင်ကိုက်ခဲမှုကို သက်သာစေတယ်

Source : Cool Material

ဆောင်းရာသီမှာ အရိုးနဲ့ ကြွက်သားနာကျင်ကိုက်ခဲမှုများ ပိုပြီးအဖြစ်များလေ့ရှိတာ တော်တော်များများသိကြမယ်ထင်ပါတယ်။ ဆောင်းရာသီကာလအတွင်း Rum သောက်သုံးပေးခြင်းက အရိုးနဲ့ ကြွက်သားများကိုအားကောင်းစေပြီး ရာသီအအေးဒဏ်ကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။ ဒါ့အပြင် နေ့စဉ်ပုံမှန် Rum တစ်ခွက်သောက်သုံးပေးမယ်ဆိုရင် ကြွက်သားနှင့် အဆစ်အမြစ်ရောင်ရမ်းခြင်း လက္ခဏာများကို လျော့နည်းစေပြီး အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) ဖျားနာခြင်းတွေကို တိုက်ထုတ်ပေးတယ်

Source : Salon.com

Rum မှာ ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိများစွာပါဝင်ပါတယ်။ အတော်အသင့် သောက်သုံးခြင်းက စိတ်ဖိစီးမှုကိုလျော့ကျစေရုံသာမက သွေးပေါင်ချိန်ကိုလည်း မှန်ကန်စေပါတယ်။ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး စွမ်းအင်ဖြည့်တင်းပေးတာကြောင့် အအေးမိခြင်း ဖျားနာခြင်းစတဲ့ ရောဂါတွေကိုတိုက်ထုတ်ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရ Rum ကိုအသင့်အတင့်သောက်သုံးသူတွေဟာ လုံးဝမသောက်သူတွေထက် ၂ နှစ်ကနေ ၅ နှစ်အထိ အသက်ပိုရှည်ပြီး ကျန်းမာစွာနေနိုင်ကြတယ်လို့ ဆိုပါတယ်။