မှတ်ဉာဏ်ချွတ်ယွင်းခြင်း (Alzheimer) ကိုကာကွယ်နိုင်တဲ့ နည်းလမ်းတိတိကျကျတော့ မရှိသေးပါဘူး။ ဒါပေမယ့် ကျန်းမာတဲ့စားသောက်နေထိုင်မှုပုံစံ ရှိနေမယ်ဆိုရင် မှတ်ဉာဏ်ချွတ်ယွင်းခြင်း နဲ့ အခြားစိတ်ဖောက်ပြန်မှုဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေလျှော့ချပေးပါတယ်။
ဦးနှောက်အတွက်အကျိုးပြုတဲ့ အစားအစာတွေစားပါ

Source: Harvard-Health
ဦးနှောက်အကျိုးပြု အစားအစာတွေဖြစ်တဲ့ သစ်ကြားသီး၊ ဘလူးဘယ်ရီ ၊ထောပတ်သီး၊ ချောကလက် စတာတွေကို စားပေးပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ အဆီများတဲ့ အစားအစာတွေကိုတော့ ရှောင်ရှားပေးပါ။ salmon ငါးလို Omega-3 fatty acid ပါတဲ့အစားအသောက်တွေက ဦးနှောက်နဲ့မှတ်ဉာဏ်ကို အားဖြည့်ပေးတာကြောင့် သင့်တင့်မျှတစွာစားသုံးပေးသင့်ပါတယ်။
အိပ်ချိန်ပြည့်ဝနေပါစေ

Source: Healthline
အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်ညကို အိပ်ချိန် (၇) နာရီကနေ (၉) နာရီအတွင်းရှိဖို့ လိုအပ်ပါတယ်။ အိပ်စက်ခြင်းက ကာလတိုမှတ်ဉာဏ်နဲ့ ကာလရှည်မှတ်ဉာဏ်တို့ကို စုစည်းခိုင်မာစေဖို့ အကူအညီပေးပါတယ်။ အိပ်စက်ပြီးတဲ့နောက် အချက်အလက်တွေကို နေရာချထား သိမ်းဆည်းတာနဲ့ မှတ်ဉာဏ်လုပ်ဆောင်ချက်တွေမှာ ပိုကောင်းလာလေ့ရှိပါတယ်။
လှုပ်လှုပ်ရှားရှားနေပါ

Source: Harvard Health
ကိုယ်လက်လှုပ်ရှားမှုကြောင့် ဦးနှောက်ထဲမှာ အောက်ဆီဂျင်ပမာဏကိုတိုးစေပြီး နှလုံးသွေးကြောကျဉ်းနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေကိုလျော့ကျစေတယ်၊ ဦးနှောက်တွင်းအကျိုးပြု ဓာတုပစ္စည်းတွေရဲ့သက်ရောက်မှုအစွမ်းကို တိုးမြင့်စေပါတယ်။ လှုပ်ရှားမှုအတွင်း ဟော်မုန်းတချို့ထွက်ရှိမှုမြင့်တက်လာပြီး မှတ်ဉာဏ်ကိုကောင်းမွန်စေပါတယ်။ အထိုင်မများစေဘဲ အတော်အသင့် ကိုယ်လက်လေ့ကျင့်ခန်းလေးတွေကို မကြာခဏလုပ်ပေးမယ်ဆိုရင် ဦးနှောက်နဲ့မှတ်ဉာဏ်ပြန်ကောင်းလာပါလိမ့်မယ်။
ဦးနှောက်ကို လေ့ကျင့်ပေးပါ

Source: The Financial Effect
ဦးနှောက်သုံးရတဲ့ ကစားနည်းတွေ၊ ဂိမ်းတွေ ဒါမှမဟုတ် စဉ်းစားရတဲ့အလုပ်မျိုး လုပ်ကြည့်ပါ။ ပဟေဠိလေးတွေဖြေကြည့်ပါ။ ဖုန်းနဲ့ ကွန်ပျူတာတွေ အားကိုးနေမယ့်အစား ဖုန်းနံပါတ်၊ လိပ်စာစတဲ့ အချက်အလက်တွေကို ကိုယ်တိုင်ရအောင်မှတ်သားကြည့်ပါ။ မေ့နေတဲ့အရာကို ရုပ်ပုံ၊စာလုံးတို့နဲ့ အတွေးထဲပြန်ပုံဖော်ကြည့်ပါ။ မေ့နေတာကို ဒီအတိုင်းမထားလိုက်ဘဲ တတ်နိုင်သလောက် စဉ်းစားကြည့်ပါ။ အတင်းညှစ်ပြီးတွေးတာထက် အခြားအရာတွေနဲ့ ဆက်စပ်တွေးရင်း ပြန်ဆွဲယူတာက ဦးနှောက်အတွက် လေ့ကျင့်ခန်းတစ်ခုပါပဲ။
