Relationship တစ်ခုရဲ့အခြေခံဟာ မေတ္တာတရား ၊ ယုံကြည်လေးစားမှု နဲ့ ဆက်သွယ်ချက်တွေပါပဲ။ လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖက်ထားရင်တောင် မေတ္တာမရှိတော့ရင် ၊ ယုံကြည်လေးစားမှုတွေ ပျောက်ဆုံးနေပြီး တစ်ယောက်ကို တစ်ယောက် တကယ်မဆက်သွယ်နိုင်တော့ရင် အရုပ်သက်သက် ပွေ့ဖက်မှုပဲ ဖြစ်နေပါလိမ့်မယ်။ ကိုယ်နဲ့ တွဲနေတဲ့ ကိုယ့်ချစ်သူဟာ ကိုယ့်အတွက် တကယ်စစ်မှန်တဲ့သူ ဟုတ်သလားဆိုတာ သိရဖို့ သိပ်မခက်ပါဘူး။ ဒါပေမယ့် အခုပြောတဲ့ အချက်အပြင် တကယ့်ကိုယ်တိုင်အတွေ့အကြုံတွေကလည်း ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီးသေချာစေမယ်ဆိုတာတော့ မမေ့ပါနဲ့။
(၁) ကိုယ့်သဘောကို လေးစားသူ

Photo: Freepik
တချို့ Relationship တွေမှာ ကိုယ့်ချစ်သူက ကိုယ့်ကို နိုင်စားလွန်းပြီး နေရာတကာ ချုပ်ခြယ်တာမျိုး ရှိတတ်ကြပါတယ်။ တကယ်စစ်မှန်တဲ့ လက်တွဲဖော်ဆိုတာ ကိုယ်ဘယ်လိုလူလဲ နားလည်ပေးတဲ့သူ ၊ ကိုယ်ဖြစ်စေချင်တဲ့အရာကို အထိန်းအကွပ်နဲ့ ပဲ့ပြင်ပေးတတ်သူမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ပထမဆုံး အချက်အနေနဲ့ “Who You are” သဘောကို လက်ခံတဲ့သူလား လေ့လာပါ။
(၂) ဘဝအမြင်နဲ့ တန်ဖိုးထားမှုတွေ တူသူ

Photo: Freepik
ဒါမျိုးသူက ငါးထန်းရွက်ဆိုတဲ့အတိုင်း တကယ့်လက်တွဲဖော် လက်တွဲဖက်အစစ်တွေမှာ တွေ့ရတတ်ပါတယ်။ လက်ခံယုံကြည်တဲ့ စံတန်ဖိုးတွေ တူမျှတဲ့သူနှစ်ဦးအဖို့ ရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်တဲ့စုံတွဲလို့ပါ ပြောရမှာပါ။ ဘဝနဲ့ပတ်သက်တဲ့ ခံယူချက်ချင်း တူတဲ့သူ ၊ အနာဂါတ်မျှော်မှန်းချက်တွေနဲ့ အမြင်ချင်း ဟပ်တဲ့ ချစ်သူနှစ်ဦးဖြစ်ရင်တော့ ပြောစရာမလိုအောင် စစ်မှန်တဲ့လက်တွဲဖော်လို့ဆိုနိုင်ပါတယ်။
(၃) တစ်ယောက်ကို တစ်ယောက် ယုံကြည်သူ

Photo: Freepik
ယုံကြည်မှုဆိုတာ လူမှုဆက်ဆံရေးတစ်ခု ခိုင်မြဲဖို့ မရှိမဖြစ်လို့ ဆိုရမယ့် အခြေခံအုတ်မြစ်ပါပဲ။ ကိုယ့်အတွက် တကယ်စစ်မှန်တဲ့သူဆိုတာ တစ်ယောက်ကိုတစ်ယောက် သစ္စာမြဲမြံလှတဲ့ ယုံကြည်မှုမျိုးနဲ့ ဆက်ဆံပေါင်းသင်းတဲ့သူကို ပြောတာ ဖြစ်ပါတယ်။ ကိုယ်က ကိုယ့်ပါတနာကို နှလုံးသားချင်းပုံအပ်ပြီး ယုံကြည်ရတဲ့သူ ၊ ကိုယ့်ကို သူက စိတ်နှစ်ယုံကြည်စွာနဲ့ မေတ္တာသက်ဝင်နေမယ်ဆိုရင် ဒါဟာ ထူးမြတ်တဲ့ ဆုလာဘ်တစ်ခု ပိုင်ဆိုင်ထားတာပါပဲ။
