လူတစ်ယောက်က ကိုယ့်ကိုယ်ကို ဘယ်လို confidence ရှိအောင်နေထိုင်ရမလဲ ဝတ်စားဆင်ရမလဲဆိုတာ သိထားမယ်ဆိုရင် ဝပေမယ့်လည်း လှနေမှာပါ။ ဝတဲ့သူတွေအတွက် ဝတ်စားဆင်ယင်မှု အပိုင်းမှာအခက်အခဲတွေအများကြီးရှိတယ်ဆိုတာမှန်ပေမယ့် အခုပြောပြမယ့်အချက်တွေကို သိထားမယ်ဆိုရင် ဝပေမယ့်လည်း ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။
ပိတ်စအသားကိုသေချာရွေးပါ
Source : Pinterest
အင်္ကျီတစ်ခုcuttingကျပြီး fitting ဖြစ်ဖို့ ပိတ်စရဲ့အသားပေါ်မှာလဲ မူတည်နေပါတယ်။ အရမ်းထူ၊ အရမ်းပါးတဲ့ ပိတ်သားမျိုးရှောင်ကြဉ်ရပါမယ် ဥပမာအနေနဲ့ polyesterလို အသားမျိုးဖြစ်ပါတယ်။ သဘာဝကရပြီး အသားအေးစေမယ့်ပိတ်စ ဥပမာ-cottonလိုမျိုးက အလိုက်ဖက်ဆုံးဖြစ်စေမှာပါ။
အရောင်ရွေးချယ်မှုကို သတိထားပါ
Source : Pinterest
ကိုယ့်ရဲ့ Bodyကို ရှိရင်းစွဲထပ်ပိုပြီး ကြီးထွားတယ်ထင်ရစေမယ့် အရောင်တောက်တောက်တွေဝတ်ဆင်ခြင်းကို အထူးရှောင်ကျဉ်ရပါမယ်။ အလိုက်ဖက်ဆုံးဖြစ်စေမယ့်အရောင်တွေကတော့ neutral color တွေဖြစ်တဲ့နေဗွီပြာ၊ နက်ပြာ၊ အနက်နဲ့ မီးခိုးတို့ပဲ ဖြစ်ပါတယ်။ ဒီလိုအရောင်တွေကို ကိုယ့်ရဲ့ပုံမှန်ထပ်ပိုပြည့်နေတဲ့ bodyအချိုးအစားမှာ ဝတ်ဆင်ပေးသင့်ပါတယ်။
ပိန်သွယ်စေမယ့် trick တွေဆောင်ထားပါ
Source : Pinterest
ကိုယ့်Bodyရဲ့လိုတာထပ်ဝတယ်လို့ထင်ရစေမယ့် ဥပမာဗိုက်လိုနေရာမျိုးတွေကို ဖုံးစေမယ့် ကုတ် or အရောင်ရင့်မျိုးဝတ်ဆင်ပေးခြင်းက ရှိရင်းထပ်ပိန်သွယ်တယ်ထင်ရစေမှာပါ။ နောက်ပြီးV shape နဲ့ ဒေါင်လိုက်အစင်းပါတဲ့ patternမျိုးကို အဓိကထားဝတ်ဆင်ရပါမယ်။ဒီpatternတွေကသင့်ကို အများအမြင်မှာပိန်သွယ်စေမှာအသေချာပါပဲ။
Sizeမှန်ကန်အောင်ရွေးချယ်ပါ
Source : Pinterest
ဝတဲ့သူတွေအနေနဲ့ ကိုယ်နဲ့ကွက်တိကျတဲ့ sizeရဖို့ အင်မတန်အရေးကြီးပါတယ်။ တစ်ဆိုဒ်သေးရင်လဲ ကိုယ့်ရဲ့ဝတဲ့ features တွေကိုပိုထင်သာမြင်သာရှိစေနိုင်ပြီး၊ တစ်ဆိုဒ်လောက်ကြီးသွားပြန်ရင်လဲ ထွားထွားကြီးနဲ့ကြည့်ရဆိုးစေနိုင်ပါတယ်။ ဒါကြောင့်အကောင်းဆုံးကတော့ fittingကျစေမယ့် tailor တစ်ယောက်စီမှာ ကိုယ်တိုင်းနဲ့အတိအကျချုပ်ဝတ်ဖို့ပဲဖြစ်ပါတယ်။