မိန်းကလေးတစ်ယောက်ကိုယ့်ကိုသဘောကျနေလားဆိုတာကို ဗေဒင်မေးစရာမလိုပဲသိနိုင်မယ့် နည်းလမ်းလေးတွေရှိတယ်ဆိုရင် စိတ်ဝင်စားလား။ မိန်းကလေးတွေရဲ့ အမူအရာတချို့က သင့်ကိုသဘောကျတယ်မကျဘူးဆိုတာကို အကဲခတ်ကြည့်လိုက်ရနိုင်ပါတယ်။ ဘယ်လိုအမူအရာတွေ ဖြစ်မလဲဆက်ဖတ်ကြည့်ရအောင်ပါ။
မြန်ဆန်တဲ့တုန့်ပြန်မှုရှိတာမျိုး

Source : Shutterstock
မိန်းကလေးအများစုရဲ့ သဘာဝကိုက ဖုန်းခေါ်ရင်ဖြစ်စေ စာတိုပို့ရင်ဖြစ်စေ အွန်လိုင်းပေါ်ကစကားပြောရင်ဖြစ်စေ ချက်ချင်းဖုန်းကိုင်တာ စာပြန်တာမျိုးလုပ်လေ့မရှိပါဘူး။ သင့်အနေနဲ့ ဖုန်းခေါ်ရင် ချက်ချင်းကိုင်တာမျိုး သင့်စာပို့ရင်ချက်ချင်းစာပြန်တာမျိုးလုပ်တယ်ဆိုရင်တော့ သင့်ရဲ့ ဆက်သွယ်လာမှုကို လိုလိုလားလားစောင့်မျှော်နေတယ်ဆိုတဲ့ အရိပ်အယောင်ကိုပြသနေတာဖြစ်ပါတယ်။
သင်နဲ့ပတ်သတ်တာတွေအမှတ်ရနေတာမျိုး

Source : Pinterest
မိန်းကလေးတစ်ယောက်က သင့်ကိုစိတ်ဝင်စားနေပြီဆိုရင် သူမရဲ့ အလေးထားမှုတွေကနေတဆင့် သူမအချစ်ကို ဖော်ပြနေပါလိမ့်မယ်။ ဥပမာ သင့်ရဲ့ မွေးနေ့ သင်ကြိုက်တဲ့ကော်ဖီအမျိုးအစား သင့်ဝါသနာ နောက်ဆုံးသင်အမှတ်မထင်ပြောထားတဲ့ စကားလေးတွေတစ်ချို့ကိုတောင် အလေးအနက်ထားပြီး မှတ်သားထားမှာဖြစ်ပါတယ်။ တခြားအရာတွေမှာမေ့မေ့လျော့လျော့နေတက်ရင်တောင် သင့်နဲ့ ပတ်သတ်တဲ့အရာတွေအားလုံးကိုတော့ မှတ်မိနေတက်တာမျိုးပါ။
ပျော်ရွှင်မြူးထူးနေတာမျိုး

Source : New Jersey Singles
မိန်းကလေးတွေဟာ သူတို့ချစ်ရတဲ့သူအနားမှာရှိနေရရင် အလိုလိုပျော်ရွှင်ပြီး တက်ကြွလန်းဆန်းနေတက်ပါတယ်။ သူတို့သဘောကျတဲ့ သူနဲ့ စကားအတူတူပျော်ရင်း ရယ်မောနေရတာဟာ သူတို့အတွက်တော့ အပျော်စရာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ဒါကြောင့် သင့်နဲ့ အတူရှိနေတဲ့အချိန်တွေမှာ သိသိသာသာ ပျော်ရွှင်နေတဲ့ပုံစံမျိုးမြင်နေရမယ်။ ပြုံးနေမယ်။စကားတွေဘယ်လောက်ပဲ ပြောနေပါစေ ပျင်းရိသွားတာ မောသွားတာမျိုးမရှိပဲ အချိန်တွေမေ့ထားပြီး ပျော်ရွှင်နေမယ်ဆိုရင် သင့်ကိုသဘောကျနေတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။
သဝန်တိုခြင်းကိုပြလာတာမျိုး

Source : Dictio Community
သူမမဟုတ်တဲ့တခြားသောမိန်းကလေးတစ်ယောက်နဲ့ သင်ပြောဆိုဆက်ဆံမှုတွေရှိနေရင် သူမအနေနဲ့ အကြောင်းမဲ့သက်သက် သဝန်တိုတဲ့အရိပ်လက္ခဏာမျိုးတွေကို ပြပါလိမ့်မယ်။ သူမကလွဲပြီး တခြားဘယ်မိန်းကလေးနဲ့ မှအရောတဝင်နေတာမျိုး သဘောကျမှာမဟုတ်ပါဘူး။ဒါပေမယ့် သူမအနေနဲ့ သင့်ကိုတရားဝင်တားမြစ်ပိုင်ခွင့်မရှိတာကြောင့် သဝန်တိုတဲ့အရိပ်အယောင်တွေကိုပဲ ပြနေမှာပါ။ ဥပမာ အလိုလိုနေရင်းဒေါသထွက်နေတာမျိုး အပြစ်မရှိတဲ့ ကြောင်လေးတွေခွေလေးတွေကို မဲပြီးဆူနေတာမျိုး စတဲ့အပြုအမူလေးတွေလုပ်ပါလိမ့်မယ်။
