ဝတ်စားဆင်ယင်မှုက မျက်လှည့်ပြသလို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ကို လုံးဝပြောင်းလဲမပစ်နိုင်ပေမယ့် အရင်ကထက်ပိုပြီး ကိုယ့်ကိုယ့်ကို ယုံကြည်မှုရှိလာစေဖို့ ကူညီပေးနိုင်တာတော့ အသေအချာပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ရှိရင်းစွဲအရပ်ထက်ပိုရှည်တယ်ထင်ရစေဖို့ အဝတ်အစားဝတ်တဲ့အခါ လိုက်နာရမယ့်အချက်လေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်။
(၁) လက်ရှည်ဝတ်ပါ

Source : Pinterest
အရပ်ပုတဲ့ အမျိုးသားတွေဟာ ခြေတံလက်တံလဲတိုတတ်တဲ့အတွက် လက်တိုအင်္ကျီမျိုးဝတ်တာကိုရှောင်သင့် ပါတယ်။ လက်ရှည်တဲ့ ရှပ်အင်္ကျီ တွေက သင့်ခန္ဓာကိုယ်ပုံစံကိုပိုရှည်တယ်ထင်ရစေပါတယ်။ သင့်အနေနဲ့ စတိုင် ကျကျဝတ်ချင်တဲ့အခါ အင်္ကျီ လက်တွေကို တံတောင်ဆစ်နားအထိခေါက်ဝတ်လို့လဲရပါတယ်။ တကယ်လို့ အင်္ကျီ လက်တိုဝတ်မယ်ဆိုရင်တော့ အင်္ကျီလက်ကို ကြီးလွန်းတာ၊ ပွလွန်းတာမျိုးရှောင်ပါ။
(၂) V ပုံစံအင်္ကျီ လည်ပင်းပုံက အဝိုင်းပုံထက် ပိုကောင်းတယ်

Source : Pinterest
ဘာဖြစ်လို့လဲဆိုတော့ V ပုံစံအင်္ကျီ လည်ပင်းပုံက လည်ပင်းကိုရှည်စေတဲ့အတွက် အရပ်ပိုရှည်တယ်ထင်ရလို့ပဲ ဖြစ်ပါတယ်။ ရှပ်အင်္ကျီ တွေ ဆွယ်တာ အင်္ကျီ တွေဝတ်တဲ့အခါ V ပုံစံကိုစမ်းဝတ်ကြည့်ပါ။ ဒါပေမယ့် လည်ပင်း အဝိုင်းပုံ အင်္ကျီတွေကို လုံးဝမဝတ်ရတော့ဘူးလို့မဆိုလိုပါဘူး။ လိုအပ်တဲ့ဖက်ရှင်အတိုင်းဝတ်လို့ရပါတယ်။
(၃) မှန်ကန်တဲ့ အင်္ကျီဆိုဒ်ကိုပဲဝတ်ပါ

Source : Pinterest
ရှပ်အင်္ကျီဝယ်တဲ့အခါ အင်္ကျီ ကသင့်ခါးထက် အရမ်းရှည်နေတာမျိုးကိုရှောင်ပါ။ ဒါက သင့်ခန္ဓာကိုယ်အောက် ပိုင်းကို ပိုတိုသွားစေတယ်ထင်ရပါတယ်။ အနည်းငယ်ခါးတိုတဲ့ရှပ်အင်္ကျီ ပုံစံက သင့်ခြေထောက်တွေကိုပေါ်လွင် စေပြီး အရပ်ရှည်တယ်ထင်ရစေပါတယ်။ ရှပ်အင်္ကျီလိုပဲတခြားတီရှပ်၊ ပိုလိုရှပ်၊ ဆွယ်တာ၊ ခေါင်းစွပ်အင်္ကျီတွေကိုလဲ ဒီနည်းလမ်းအတိုင်းဝတ်ဆင်သင့်ပါတယ်။
(၄) အိတ်များများပါတဲ့ အဝတ်အစားကိုရှောင်ပါ

Source : Pinterest
အဝတ်အစားဝတ်တဲ့အခါ ရှောင်သင့်တဲ့အမှားတခုကတော့ ပွလွန်းတဲ့အဝတ်အစားတွေနဲ့ အိတ်အကြီးကြီးတွေ ပါတဲ့အဝတ်အစားတွေပဲဖြစ်ပါတယ်။ ဘာလို့ဆို ဒီအဝတ်အစားတွေကသင့်ကို အမှန်တကယ်လူကောင်ပိုသေး အောင်လုပ်နိုင်လို့ပါ။ သင့်အဝတ်ဗီဒိုထဲက အဝတ်တွေကိုပြန်ဝတ်ကြည့်ပြီး သင့်ခန္ဓာကိုယ်ထက် ပွလွန်းနေတာတွေကို အခုပဲဖယ်လိုက်ပါ။
