တစ်ခါတစ်လေမှာ အချိန်ကုန်တာအရမ်းမြန်တယ်လို့ တွေးဖူးကြမယ်ထင်ပါတယ်။ ဥပမာ ဖေ့ဘွတ်ခ်ခဏပွတ်လိုက်ပါအုန်းမယ်ဆိုပေမယ့် တကယ်တမ်းအချိန်ကိုပြန်ကြည့်ရင် ၂ နာရီ ၃ နာရီလောက်ကုန်သွားတာမျိုးပါ။ သင့်ရဲ့နေ့စဉ်ဘဝထဲမှာ ဒီလိုအချိန်ကုန်သွားစေတဲ့အရာတွေအများကြီးရှိပါသေးတယ်။ အောက်ပါဆက်ဖတ်ကြည့်ရအောင်။
အချိန်ဇယားမရှိတာ

Source : Cognitive Behavioral Consultants
အောင်မြင်နေသူအများစုကတော့ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဘာလုပ်ရမယ်ဆိုတဲ့ To Do List တွေရှိ တက်ကြပါတယ်။ အိပ်ယာနိုးလို့ မျက်စိနှစ်လုံးစဖွင့် ချိန်ကစပြီး တစ်နေ့တာကုန်ဆုံးလို့ အိပ်ယာပြန်ဝင်တဲ့အထိ ဘာတွေလုပ်ဆောင်ရမယ်ဆိုတဲ့ အချိန်ဇယားဆွဲထားတာမျိုးမရှိရင် အချိန် တော်တော်များများက အလဟားသက်ကုန်ဆုံးသွားမှာဖြစ်ပါတယ်။
အတွေးများတာ

Source : WHYY
တစ်ခါတစ်လေတွေးမိတွေးရာ လျောက်တွေးရာကနေ အချိန် ၁နာရီ ၂နာရီလောက်ကုန်သွားတာမျိုးဖြစ်ဖူးကြမယ်ထင်ပါတယ်။အများစုကတော့ကောင်း မွန်တဲ့အတွေးတွေကို နာရီနဲ့ချီပြီးမတွေးတောကြပါဘူး။Negative ဆန်တဲ့အတွေးတွေ အဆင်မပြေမှုတွေ စိတ်ရှုပ်ထွေးစရာတွေ စိုးရိမ်စိတ်တွေ စတဲ့အကြောင်း အရာတွေဘဲ အချိန်ကုန်လို့ကုန်မှန်းမသိတွေးတောတက်ကြတာပါ။ဒီလိုမကောင်းတဲ့အတွေးတွေကြားမှာနစ်မွန်းနေခြင်းက အချိန်ပုတ်သလို သင့်ရဲ့ စိတ်ကိုပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်စေကာ ပင်ပန်းစေမှာဖြစ်ပါတယ်။
အချစ်ရေးပြဿနာ

Source : Medical News Today
စုံတွဲတိုင်းမှာအဆင်မပြတဲ့အချိန်ပြဿနာဖြစ်ရတဲ့အချိန်တွေဆိုတာရှိပေမယ့် နေ့စဉ်ရက်ဆက် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရပြီဆိုရင်တော့ ရှေ့ဆက်သင့် မဆက်သင့်ပြန်စဉ်းစားဖို့လိုအပ်ပါတယ်။အဆင်မပြေတဲ့ RS တစ်ခုမှာနစ်မွန်းနေခြင်းက အချိန်ကုန်စေသလို သင့်ရဲ့တစ်နေ့တာမှာလည်းအနှောက်အယှက်တွေ စိတ်ဖိစီးမှုတွေများစွာဖြစ်စေမှာဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာသုံးတာ

Source : The Economic Times
လူတွေရဲ့ နေ့စဉ်ဘဝမှာ ဆိုရှယ်မီဒီယာတွေကတော်တော်လေးနေရာယူထားပါတယ်။Bus ကားစီးရင်ပဲဖြစ်စေ ထမင်းစားရင်ပဲဖြစ်စေ နောက်ဆုံး Toilet ဝင်ရင်တောင်မှာ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေကိုအသုံးပြုနေကြပါတယ်။ ဒီလိုမျိုးဆိုရှယ်မီဒီယာကို စွဲစွဲလန်းလန်းအသုံးပြုခြင်း အချိန်ကုန်လို့ ကုန်မှန်းမသိဖြစ်စေပြီး သင့်ကျန်းမာရေးကိုပါဆိုးရွှားစွာထိခိုက်စေနိုင်ပါတယ်။
