တစ်နေ့တာပင်ပန်းမူတွေ၊ စိတ်ဖိစီးမူတွေ၊ အိပ်ရေးပျက်တာတွေကြောင့် အိပ်ရာထတဲ့အချိန်မှာ ပင်ပန်းနွမ်းနယ်နေတက်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အားအင်ရှိလာမယ့်အစားအစားတွေ လူကိုလန်းဆန်းစေမယ့်အစားအစာတွေ စားပေးဖို့လိုအပ်နေပါပြီ။
ကြက်ဥ

Source: Inspired Taste
ကြက်ဥတစ်လုံးမှာ ပရိုတင်းနဲ့ အကျိုးပြုအဆီတွေပါဝင်ပြီး တစ်နေ့တာလုံးအတွက် တာရှည်ခံတဲ့ ခွန်အားပြည့်ခြင်းကို ရရှိနိုင်ပါတယ်။ ကြက်ဥဟာ သံဓာတ်၊ ဗီတာမင် ဒီ၊ ကိုလင်းဓာတ်၊ ဗီတာမင် ဘီတွဲ အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်အရင်းအမြစ် တစ်ခုဖြစ်ပါတယ်။ ကိုလက်စထရောလျှော့စားနေသူကလွဲလို့ မနက်စာမှာ ထည့်စားတဲ့အခါ ကြက်ဥအနှစ်ရော၊ အကာပါ စားပေးပါ။
ငှက်ပျောသီး

Source: Metro
ငှက်ပျောသီးက လှုပ်ရှားသွားလာနေတဲ့ ခန္ဓာကိုယ်ကို လောင်စာဖြည့်ပေးမယ့် အစားအစာတစ်မျိုးပါပဲ။ ပိုတက်စီယမ်ကြွယ်ဝတဲ့ ဒီအသီးက အမျှင်ဓာတ်လည်းများတယ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် ဘီတွေ အများကြီးပါသေးတယ်။ ကြက်ဥနဲ့ ငှက်ပျောသီး၊ နို့ ပါတဲ့ မနက်စာကို စားမယ်ဆို ပိုပြီးပြည့်စုံတာပေါ့။ ငှက်ပျောသီးမှည့်က အစိမ်းထက် ခွန်အားပိုဖြစ်စေတယ်။
ထောပတ်သီး

Source: skinny Ms.
ထောပတ်သီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အကျိုးပြုအဆီတွေကြွယ်ဝလို့ နာရီအတော်ကြာတဲ့အထိ ခန္ဓာကိုယ်ကို အားပြည့်နေစေမှာပါ။ အမျှင်ဓာတ်လည်း ပါဝင်မှုများလို့ သွေးတွင်းသကြားကို ထိန်းပေးနိုင်တယ်။ ထောပတ်သီးကို မနက်စာမှာ ထည့်စားတာ ဒါမှမဟုတ် ဖျော်ရည်တွဲသောက်တာလည်း အဆင်ပြေပါတယ်။
ဖရဲသီး

Source: Times of India
ရေဓာတ်မပြည့်ဝတဲ့အချိန်မျိုးမှာ လူကဘယ်လိုမှနေလို့မကောင်းနိုင်ပါဘူး။ အရင်နေ့က ရေဓာတ်လုံလောက်အောင်မရရှိထားရင် ဒီလိုမနက်မှာ အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့ ဖရဲသီးကို တစ်နေ့တာရဲ့ ဘယ်အချိန်မှာဖြစ်ဖြစ် စားပေးသင့်ပါတယ်။ ဗီတာမင်နဲ့သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် အမိုင်နိုအက်စစ်တွေလည်း ပါဝင်ပါတယ်။
